မန္တလေးမြို့က Smiley လေးတွေရဲ့အလှူအတွက် ဝမ်းသာပီတိဖြစ်နေတဲ့ စမိုင်းလ်

ပရိသတ်တွေရဲ့အချစ်တော်မင်းသမီးချောလေး စမိုင်းလ်ကတော့ ကာရာအိုကေ၊ဗွီဒီယိုခေတ်ကတည်းက အောင်မြင်ခဲ့တဲ့မင်းသမီးတစ်လက်ပါ။ နှစ်အနည်းငယ်ကြာ နိုင်ငံရပ်ခြားမှာပြောင်းရွှေ့နေထိုင်ခဲ့ပြီး အနုပညာအလုပ်တွေနဲ့ အလှမ်းကွာဝေးခဲ့သူလည်းဖြစ်ပါတယ်။ အစစအရာရာဖြည့်ဆည်းပေးတတ်လွန်းတဲ့ခင်ပွန်းဖြစ်သူကို ပိုင်ဆိုင်ထားတဲ့အပြင် လိမ္မာရေးခြားရှိတဲ့သမီးလေးနှစ်ယောက်နဲ့လည်း ပျော်ရွှင်ဖွယ်ဘဝခရီးလမ်းကို ဖြတ်သန်းနေပါသေးတယ်။

ဒါ့အပြင် ဘာသာတရားရိုသေကိုင်းရှိုင်းပြီး အလှူအတန်းရက်ရောသူစမိုင်းလ်ကတော့ လိုအပ်နေတဲ့နေရာတွေကို အမြဲလှူဒါန်းလေ့ရှိတဲ့အပြင် ချစ်ရတဲ့ Smiley လေးတွေနဲ့အတူလည်း အဓိဌာန်တွေစုပေါင်းပြုလုပ်လေ့ရှိသူပါ။ ရန်ကုန်ကျိုက်ငါးကျိုက်၊ မန္တလေးညောင်ဆယ်ပင် ၊ ရွှေတိဂုံ-ကျိုက်ထီးရိုးအဓိဌာန်စတာတွေကို ငွေကုန်ကြေးကျခံကာ ချစ်ရတဲ့ပရိသတ်တွေနဲ့အတူ ပြုလုပ်ခဲ့ပါသေးတယ်။ ဒီနေ့မှာတော့ မန္တလေးက Smiley လေးတွေက သူတို့ရဲ့အိုင်ဒေါအတိုင်းလိုအပ်တဲ့နေရာတွေကို ကူညီဖို့တတ်နိုင်သမျှစုပေါင်းလှူဒါန်းခဲ့ပါတယ်။

စမိုင်းလ်နဲ့ မန်းညောင်ဆယ်ပင်အဓိဌာန်အဖွဲဝင်များရဲ့ စုပေါင်းအလှူအဖြစ် မန္တလေးက smiley အဖွဲ့ဝင်တွေကတော့ ဆန်၊ဆီ၊ဆား၊ဆေး၊ အသားတုလေးတွေကို အထုတ်လေးတွေထုတ်ကာ လှူဒါန်းပေးခဲ့ပါတယ်။ တတ်နိုင်လို့လှူတာမျိုးမဟုတ်ဘဲ အိမ်မှာအပိုအလျှံဝယ်ထားတာလေးတွေကို အခက်အခဲဖြစ်သူတွေအတွက် တစ်နိုင်တစ်ပိုင်စုပြီး လှူဒါန်းကြတဲ့အလှူလေးလည်း ဖြစ်ပါတယ်။ စမိုင်းလ်ကတော့ ” မန်းလေးမှအရမ်းချစ်ရတဲ့ Smiley များရဲ့ကုသိုလ်… သာဓု သာဓု သာဓုပါ” ဆိုပြီးဝမ်းသာကြည်နူးစွာ မျှဝေပေးခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ ။ မွန်မြတ်လှတဲ့ စမိုင်းလ်နဲ့ Smiley လေးတွေရဲ့ကုသိုလ်ကို သာဓုခေါ်ပေးခဲ့ကြပါဦးနော်။


Source – စမိုင်းလ် Smile
Rainbow – Cele Gabar

x
error: Content is protected !!