ပရိသတ်တွေရဲ့ ကျရောက်နေတဲ့ စိတ်ဖိစီးမှုတွေ လျှော့ချပေးဖို့ TikTok ဆော့ပြီး အနုပညာတွေကို ဖျော်ဖြေတင်ဆက်လိုက်တဲ့ အေးမြတ်သူ

မမြတ်လေးလို့ ပရိသတ်တွေရဲ့ ချစ်စနိုးခေါ်တဲ့ နိုင်ငံကျော်မင်းသမီးချော အေးမြတ်သူကတော့ ပရိသတ်တွေရဲ့ ကျရောက်နေတဲ့ စိတ်ဖိစီးမှုတွေ လျှော့ချပေးဖို့ TikTok ဆော့ပြီး အနုပညာတွေကို ဖျော်ဖြေတင်ဆက်လိုက်တဲ့အကြောင်းကို “ဒီရက်ပိုင်း ချစ်ရသူတွေအားလုံး ကျန်းမာရေး စီးပွားရေးတွေ အတွက် စိတ်ဖိစီးမှု့တွေ များနေတာ ကို ထပ်တူခံစားနားလည်ခြင်းတွေနဲ့ စိတ်ဖိစီးမှု့ အနည်းငယ် လျော့ချပေးနိုင်ဖို့ ဒီ TikTok လေးဆော့ရင်း… မျော်လင့်မိပါတယ်ရှင်” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

အေးမြတ်သူဟာ ဇာတ်လမ်းပိုင်းကို ပီပြင်အောင်ပုံဖော် သရုပ်ဆောင်နိုင်ကာ ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အပျိုကြီးမမတစ်ယောက်ဖြစ်ပြီး သူမရဲ့ ဘော်ဒီကောက်ကြောင်း လှပမှုတွေကြောင့် ပုရိသတွေရဲ့ ပါးစပ်ဖျားမှာ နေရာအပြည့်ယူထားနိုင်ခဲ့တာဖြစ်ပါတယ်။သူဟာ အနုပညာအလုပ်တွေနဲ့ပဲ မအားလပ်နေသူတစ်ယောက်ဖြစ်ပြီး အချစ်ရေးကိုပရိသတ်ကို ချပြထားခြင်းမရှိသေးတာကြောင့် အပျိုကြီးဖြစ်တော့မယ်လို့တောင် ပရိသတ်တွေက မှတ်ချက်ပေးထားသူတစ်ယောက်ဖြစ်ပါတယ်။သူကတော့ အမြဲလိုလို TikTok လေးတွေဆော့ပြီး ပရိသတ်တွေကို ဖျော်ဖြေလေ့ရှိကာ လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပြန့်ပွားကူးစက်မှုကြောင့် ပရိသတ်တွေ ကျန်းမာရေး၊စီပွားရေတွေအတွက် စိတ်ဖိစီမှုတွေကို လျှော့ချပေးဖို့ ဆော့တာပဲတဲ့။

CeleGabar ပရိသတ်ကြီးရေ နိုင်ငံကျော်မင်းသမီးချော အေးမြတ်သူရဲ့ လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပြန့်ပွားကူးစက်မှုကြောင့် ပရိသတ်တွေ ကျန်းမာရေး၊စီပွားရေတွေအတွက် ကျရောက်နေတဲ့ စိတ်ဖိစီးမှုတွေ လျှော့ချပေးဖို့ဆော့ထားတဲ့ TikTok ဗီဒီယိုဖိုင်လေးကို ပြန်လည်ေဝေမျှလိုက်ပါတယ်နော်။

Source: Aye Myat Thu
DarDar-CeleGabar

x
error: Content is protected !!