ပြည်တော်ပြန်တွေကို (၁၄)ရက်စောင့်ကြည့်မှုကို လက်ခံဖို့ တောင်းပန်လိုက်တဲ့ မိုးပြည့်ပြည့်မောင်

ပရိသတ်ကြီးရေ လတ်တလောမှာတော့ ပရိသတ်တွေရဲ့ အချစ်တော် မိုးပြည့်ပြည့်မောင်ကတော့ ပြည်တော်ပြန်တွေကို (၁၄)ရက်စောင့်ကြည့်မှုခံယူဖို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ တောင်းဆိုတောင်းပန်လာခဲ့ပါတယ်။”နိုင်ငံခြားက ပြန်လာသူတွေရယ်။ ကိုယ့်မိသားစု၊ ပတ်ဝန်းကျင်ကို တစ်ကယ်ချစ်ရင် သနားတယ်ဆိုရင် (၁၄)ရက် စောင့်ကြည့်မှုကို လက်ခံသင့်တယ်လို့ ကျွန်မ မိုးပြည့်မှ အနူးအညွတ်တောင်းဆိုလိုက်ပါတယ်။တောင်းပန်ပါတယ်ရှင်”လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်။

Covid-19 လို့ ပရိသတ်တွေသိရှိထားတဲ့ ကမ္ဘာကပ်ရောဂါကြောင့် နိုင်ငံရပ်ခြားဒေသတွေမှာ သွားရောက် နေထိုင်၊ ပညာသင်၊ အလုပ်လုပ်နေကြတဲ့ သူတွေက သူတို့ရဲ့ အမိတိုင်းပြည်ကြီးဆီကို အလုံးအရင်းနဲ့ ပြန်လည်ဝင်ရောက်လာကြပါသေးတယ်။မြန်မာနိုင်ငံမှာလည်း နိုင်ငံရပ်ခြားဒေသတွေကနေ ပြန်လည်ဝင်ရောက်လာတဲ့ သူတွေကအများအပြားရှိနေခဲ့ပြီး တချို့လူတွေကတော့ (၁၄)စောင့်ကြည့်မှုကို မခံယူဘဲ ရရာနည်းနဲ့ ပြန်လာကြတာတွေလည်း ရှိနေခဲ့ပါတယ်။

လက်ရှိအချိန်အထိကို မြန်မာနိုင်ငံမှာလည်း ရောဂါဖြစ်ပွားနေတဲ့ သူဟာ (၅)ယောက်အထိရှိနေခဲ့ပြီဖြစ်ပြီး (၅)ယောက်စလုံးကတော့ နိုင်ငံရပ်ခြားကနေ ပြန်လည်ရောက်ရှိလာတဲ့ သူတွေလည်းဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးတွေထဲမှာရော မိုးပြည့်လိုပဲ ပြည်တော်ပြန်တွေကို (၁၄)ရက်တာ စောင့်ကြည်မှုခံယူစေချင်တဲ့ သူတွေရှိလား။

Chilli – CeleGabar
Source – မိုးပြည့်ပြည့်မောင်

x
error: Content is protected !!