သေဖို့ပြင်ဆင်နေတဲ့ လူနာတွေက ကျွန်တော်တို့ကို ကြည့်ပြီး သနားနေမလားဆိုတဲ့ ဇဏ်ခီ

ပရိသတ်အချစ်တော် မင်းသားချော ဇဏ်ခီကတော့ လက်ရှိမှာ ကြုံတွေ့နေရတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကို ကြုံတွေ့နေရတာကြောင့် ပူပင်သောကရောက်နေတဲ့ သူတွေကို ရောဂါတစ်စုံတစ်ရာခံစားပြီး နောက်ဆုံးအချိန်ကို ကြိုတင်ပြင်ဆင်နေတဲ့ လူနာတွေက ကြည့်ပြီး သနားနေမလားဆိုတဲ့အကြောင်းကို “မျက်မမြင်တွေမီးပျက်ရင်ဘာမှမဖြစ်သလို သေဖို့ပြင်ဆင်နေရတဲ့လူနာတွေလည်း ကျနော်တို့တွေကိုကြည့်ပြီး ပြန်သနားနေကြမလားမသိဘူးနော်။ #တွေးမိတွေးရာ” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

ပရိသတ်တွေဟာ မင်းသားဇဏ်ခီကိုတော့ သရုပ်ဆောင်တစ်ဦးအဖြစ်သိကြတဲ့သူများမှာပါ။ဇာတ်ကား(၃)ကားသာထွက်ရှိထားပြီး အံ့သြစရာကောင်းလောက်အောင် ပရိသတ်အချစ်ကိုရရှိထားသူလည်းဖြစ်ပါတယ်။ ဇဏ်ခီကတော့ လက်ရှိကြုံတွေ့နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် ပူပင်သောကရောက်နေတဲ့ သူတွေကို မျက်မမြင်တွေမီးပျက်ရင်ဘာမှမဖြစ်သလို သေဖို့ပြင်ဆင်နေရတဲ့လူနာတွေက ကြည့်ပြီး သနားနေကြမလားတဲ့။လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ ကိုရိုနာရောဂါပိုး တွေ့ရှိသူ(၅)ဦးအထိရောက်ရှိလာပြီး ရန်ကုန်တိုင်းဒေသကြီး ဝေဘာဂီအထူးကုဆေးရုံကြီးတွင်(၁)ဦး၊ ချင်းပြည်နယ် တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင်(၁)ဦး၊ အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင်(၁)ဦး၊မန္တလေးတိုင်း ကန်တော်နဒီဆေးရုံကြီးတွင် (၁)ဦးနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး(၁)ဦး ဖြင့်အသီးသီး ရောဂါပိုးထိန်းချုပ်ကုသမှုခံယူနေကြပြီလည်းဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးရေ နိုင်ငံကျော်မင်းသားချော ဇဏ်ခီကတော့ လက်ရှိကြုံတွေ့နေရတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကူးစက်ပြန့်မှုကြောင့် ပူပင်သောကရောက်တဲ့ သူတွေကို ရောဂါတစ်စူံတစ်ရာကြောင့် နောက်ဆုံးအချိန်ကို ကြိုတင်ပြင်ဆင်နေတဲ့သူတွေက ကြည့်ပြီး သနားနေကြမလားတဲ့။

Source: Zenn Kyi
DarDar-CeleGabar

x