တစ်ကမ္ဘာလုံးရော နိုင်ငံသားတွေရော ရောဂါကင်းဝေးဖို့ဘုရားသွားပြီး ဆုတောင်းခဲ့တဲ့ အောင်မင်းခန့်

အောင်မင်းခန့်ကတော့ မော်ဒယ်လ်မင်းသားချောလေးတစ်ယောက်ဖြစ်ပြီး MRTV-4 ဇာတ်လမ်းတွဲတွေကနေ တဆင့် ပရိသတ်အားပေးမှုရရှိလာတဲ့ မင်းသားတစ်လက်ပဲဖြစ်ပါတယ် ။ အခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေပြီး ပရိသတ်တွေ ရဲ့ တခဲနက်အားပေးမှုကို ရရှိနေပြီဖြစ်ပါတယ် ။

ပရိသတ်တွေနဲ့ သူ့ရဲ့အမာခံဖန်တွေအပေါ် အမြဲ ဂရုတစိုက်ရှိတဲ့ အောင်မင်းခန့်တစ်ယောက်ကတော့ ရောက်ရာအရပ်မှာ ချစ်ရတဲ့ ဖန်တွေ ပရိသတ်တွေအတွက် အမြဲလိုလို အလှူလေးတွေ ပြုလုပ်ပေးလေ့ရှိတဲ့သူပါ ။ လတ်တလော ပြည်သူတွေကြားမှာ စိုးရိမ်စရာဖြစ်နေတဲ့ Covid-19 ကြောင့် အောင်မင်းခန့်တစ်ယောက် ဘုရားရောက်တုန်း နိုင်ငံသားအားလုံးရော ကမ္ဘာသူ/သား အားလုံးအတွက်ပါ ကပ်ရောဂါကင်းဝေးအောင်ဆုတောင်းပေးခဲ့တယ် ကိုယ်တိုင်လဲ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက်လုပ်မယ် ဆိုတဲ့စာသားလေးနဲ့အတူ အားလုံးအတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ မျှဝေပေးခဲ့တာပဲဖြစ်ပါတယ် ။

ပရိသတ်တွေအားလုံးကို အိမ်မှာပဲနေကြဖို့ တိုက်တွန်းထားသလို ပရိသတ်တွေကလည်း မင်းသားပေးတဲ့ဆုတွေ အားလုံးရကြပါစေ ဆုတောင်းပေးသူလည်း ကျန်းမာချမ်းသာ ဘေးရန်ကွာပြီး ကပ်ကြီး (၃) ပါးကို ကျော်လွှားနိုင်ပါစေလို့ အောင်မင်းခန့်အတွက် ပြန်လည်ဆုမွန်ကောင်းတွေ တောင်းပေးထားကြတာတွေ့ရပါတယ် ။ ဖန်တွေနဲ့ အောင်မင်းခန့်တို့ကြားက အချစ်တွေကတော့ တကယ်ကို အံ့မခန်းပါပဲ ပရိသတ်ကြီးရေ …။

Source : Aung Min Khant
Emily (Cele Gabar )

x