Page အတု အကောင့်အတုတွေနဲ့ လျှောက်တင်နေတဲ့သူတွေကို ဒဲ့ပြောလိုက်တဲ့ နေခြည်ရွှန်းလဲ့

ပုဂံမြို့သူ ဇာတ်လမ်းတွဲလေးနဲ့ ပရိသတ်တွေရင်ထဲကို ရောက်ရှိလာသူလေးကတော့ နေခြည်ရွှန်းလဲ့ပါ ။ MRTV-4 ဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူလေးဖြစ်ပြီး ဆံနွယ်ရှည်ရှည်လေးနဲ့ နန်းဆန်တဲ့အလှတွေကြောင့် ပရိသတ်တွေ အရူးအမူးကြွေနေရတဲ့ မင်းသမီးလေးလို့ဆိုရမှာပါ ။

လက်ရှိအောင်မြင်ကျော်ကြားနေတဲ့ ဆယ်လီအနုပညာရှင်တွေ အားလုံးကြုံတွေ့နေရတဲ့ အခက်ခဲတွေကို တက်သစ်စ မင်းသမီးလေး အခြည်လည်း ကြုံတွေ့နေရပါပြီ ပရိသတ်ကြီးရေ ..။ အကောင့်အတုတွေ ပေ့ချ်အတုတွေနဲ့ သူမ ရေးသားနေသလို ပုံစံယူပြီး ပို့စ်တွေ လျှောက်တင်တာကြောင့် အခြည်လေးတစ်ယောက် စိတ်အနှောက်ယှက်ဖြစ်နေရတာပါ ။ အခြည်က အခုသုံးနေတဲ့ အကောင့်နဲ့ ပေ့ချ်တစ်ခုသာ ရှိပြီး ကျန်တဲ့ ဟာတွေကတော့ သူမသုံးတာမဟုတ်ပါဘူးလို့ ပရိသတ်တွေကို အတိလင်း ပြောပြထားပြီးသားဖြစ်ပါတယ် ။

ရောဂါတွေဖြစ်နေတော့ အိမ်မှာတော်တော်လေး အချိန်ပိုနေကြလား မသိဘူးနော် ပေ့ချ်တွေ အကောင့်ပေါင်း သောင်းခြောက်ထောင် အတုတွေနဲ့ နေခြည်ရွှန်းလဲ့လို ပြန်ပြောနေကြတာတွေ တွေ့တယ်နော် ။ ကိုယ့်ဘဝနဲ့ကိုယ်ပျော်အောင် နေကြည့်ပါ အဲဒါမှ ပျင်းနေရင် ဒါမှမဟုတ် အချိန်ပိုနေသေးရင် ဘုရားတရားလေး ပိုလုပ်ကြပါ နောင်ဘဝအတွက် အဆင်ပြေအောင် အကြံပေးတာ ရှင့် ဆိုတဲ့ စာသားလေးကို သူမရဲ့ မိုင်ဒေးမှာ ရေးသားပြီး အကောင့်တုနဲ့ ရေးသားနေတဲ့သူတွေကို ဒဲ့ ပြောလိုက်တာပဲဖြစ်ပါတယ် ။ Cele Gabar ပရိသတ်ကြီးရေ နေခြည်ရွှန်းလဲ့ အကောင့်တုတွေက လျှောက်တင်နေတာတွေကို မယုံကြပါနဲ့ဦးနော် ..။

Source : Nay Chi Shoon Lei
Emily (Cele Gabar)

x