ခင်ပွန်းသည်နဲ့ပတ်သက်ပြီးထွက်လာတဲ့ ကောလဟာလတွေကို ဒဲ့ရှင်းလိုက်တဲ့ သဉ္ဇာနွယ်ဝင်း

အိမ်ထောင်ရေး ကံကောင်းတယ်ဆိုပြီး ပရိသတ်တွေအားလုံးအားကျနေရတဲ့ သူလေးကတော့ မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်း ပါ ။သဉ္ဇာကတော့ ချစ်စရာကောင်းတဲ့ သားသားလေးနဲ့ မီးမီးလေးတွေကို ပိုင်ဆိုင်ထားပြီး ခင်ပွန်းသည်ရဲ့ အချစ်တွေနဲ့ သာယာတဲ့မိသားစုဘဝလေးကို တည်ဆောက်ပြီး အနုပညာအလုပ်တွေရပ်နားကာ မိသားစုကို အချိန်ပေးနေခဲ့တဲ့ အိမ်ရှင်မတစ်ယောက်ပါ ။ လတ်တလောမှာတော့ ခင်ပွန်းသည်နဲ့ပတ်သက်ပြီး ကောလဟာလ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ် ။

ယောကျာ်း မိန်းမယောကျာ်းကိုအရမ်းချစ်တယ်။ မိန်းမယောကျာ်းနဲ့စယူတဲ့အချိန်မှာ မိန်းမတို့နှစ်ယောက်ကို ပျက်စီးအောင်မဟုတ်တဲ့စကားတွေနဲ့ထိုးနှက်ခဲ့တဲ့အချိန်မှာ မိန်းမဘက်ကနေ အပြည့်အဝကာကွယ်ခဲ့တယ်။ မိန်းမကိုယ်ဝန်ဆောင်တဲ့အချိန်မှာရော မွေးပြီးတဲ့အချိန်မှာပါ မိန်းမသားကို အမျိုးမျိုး ပုတ်ခက်ခဲ့တာကိုလည်းယောကျာ်းသည်းခံပေးခဲ့တယ်။ မိန်းမမိဘတွေ ကိုလုပ်ပေးချင်တာတွေလည်းပြောစရာမလိုပဲ စိတ်တိုင်းကျလုပ်ခွင့်ပေးခဲ့တယ် ယောကျာ်းမိန်းမကိုချစ်တဲ့အချစ် ကတန်ဖိုးဖြတ်လို့မရသလို ဘာကမှလည်းမတားစီးနိုင်ဘူး။ ယောကျာ်းကမိန်းမအတွက်ယောကျာ်းကောင်း အဖေကောင်းတစ်ယောက်ဆိုတာရင်ထဲကကိုခံစားလို့ရတယ်။ ဘယ်သူတွေဘာပြောပြော မိန်းမယောကျာ်းကိုယုံတယ် ကဲနောက်ဆုံးလုပ်တယ်ဆိုတောင် မိန်းမနဲ့ယောကျာ်းရဲ့ အချစ် သံယောဇဉ်ကို ဘာကမှမတားနိုင်ဘူး ဂရုလဲစိုက်မှာမဟုတ်ဘူး သူများတွေပြောတာကိုခေါင်းထဲမှာမရှိဘူး ယောကျာ်းနောက်မှာ မိန်းမအမြဲရှိတယ်။ အခုအချိန်မှာ မိန်းမတို့မိသားစု ကျန်းကျန်းမာမာရှိဖို့ကပဲအဓိက ကျတယ် ဆိုတဲ့စာသားလေးနဲ့အတူ ခင်ပွန်းသည်နဲ့ပတ်သက်ပြီးထွက်ပေါ်လာတဲ့ ကောလဟာလတွေကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ဒဲ့ရှင်းခဲ့တာဖြစ်ပါတယ် ။

အကယ်၍သာ သဉ္ဇာ့အမျိုးသား သဉ္ဇာ့ကိုအနှိမ်ကျင့်ခဲ့မယ်ဆိုရင်အခုလိုပျော်ရွှင်ရမှာမဟုတ်ဘူး သူလုပ်ပေးသည်းခံပေးခဲ့တာတွေအများကြီးပဲ သေးသေးလေးမှအစသူစဉ်းစားပေးခဲ့တာ ဘယ်အဖေမှတော့ သူတို့သားကို သူတို့သားမဟုတ်ဘူးလို့လူတွေဝိုင်းပြောတာဘယ်လောက်ခံနိုင်မလဲ ကိုယ်အနေအထိုင်မတက်ခဲ့တာတွေအတွက်လဲ အပြစ်မယူခဲ့ဘူး သူကတစ်ကယ်ကို အရမ်းကောင်းပေးခဲ့တာ အခုသူ့ကိုလူတွေ ဟုတ်တာပဲပြောပြောမဟုတ်တာပဲပြောပြော သူ့နောက်မှာကိုယ်ရှိပေးမှာ ဆိုပြီး ခင်ပွန်းသည်ဘက်ကနေ အပြည့်၀ ရပ်တည်ပေးခဲ့တာပဲဖြစ်ပါတယ် ။

Source : Thinzar Nwe Win
Emily (Cele Gabar)

x