ကျော်ထက်အောင် မဲဖောက်ပေးတာကို ကံထူးသွားတဲ့ ချင်းမလေး

ကျော်ထက်အောင်ကတော့ အစီအစဉ်တင်ဆက်သူအနေနဲ့ ပရိသတ်တွေ သည်းသည်းလှုပ်အားပေးခံနေရတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ အစီစဉ်တင်ဆက်သူအဖြစ် ပရိသတ်တွေ အားပေးခဲ့တဲ့ ကျော်ထက်အောင် ကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးနေပြီဖြစ်ပါတယ် ။ သရုပ်ဆောင်ပညာမှာလည်း ထူးချွန်တဲ့ ကျော်ထက်အောင်ကို ပရိသတ်တွေက စဉ်ဆက်မပြတ်အားပေးခဲ့ကြတာပဲဖြစ်ပါတယ် ။

ကျော်ထက်အောင်ကတော့ သူ့ရဲ့နေ့စဉ်လှုပ်ရှားမှုတွေနဲ့အတူ အနုပညာလှုပ်ရှားမှုတွေကို လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကိုအမြဲလိုလိုမျှဝေပေးနေကြသူတစ်ယောက်ပါ ။ လတ်တလောမှာတော့ လူတိုင်း စိုးရိမ်နေကြရတဲ့ Covid-19 ကြောင့် လူတိုင်းအိမ်မှာနေပြီး ကာကွယ်နေကြတဲ့အချိန်မှာ ကျော်ထက်အောင် တစ်ယောက် သူ့ရဲ့ ပရိသတ်တွေနဲ့အတူ Let’s chat & play Sharing & Caring ဆိုတဲ့ အစီစဉ်လေးတစ်ခုကို Live လွှင့်ပြီး ပြုလုပ်ခဲ့ပါတယ် ။

သူ့ရဲ့ အမာခံပရိသတ်တွေထဲက Cung Ven Cer ဆိုတဲ့ ချင်းမလေးကတော့ ကံထူးစွာနဲ့ ကျော်ထက်အောင်နဲ့ အတူ ဗီဒီယိုကော ပြောရင်း စကားတွေအများကြီးပြောခွင့်ရခဲ့တာဖြစ်ပါတယ် ။ ကျော်ထက်အောင် နဲ့အတူ Video call ပြောပြီး စကားပြောခွင့်ရဖို့ ပရိသတ်တွေအများကြီး ကံစမ်းခဲ့ကြတဲ့ထဲကမှ ကံထူးသွားခဲ့တာဖြစ်ပဲဖြစ်ပါတယ် ။

Source : Kyaw Htet Aung
Emily (Cele Gabar)

x