မိခင်ဖြစ်သူရဲ့(၅၃) နှစ်ပြည့်မွေးနေ့အတွက် ဆိုက်ကားဆရာ၊ကားဆရာတွေကို ဆန် ဆီလှူဒါန်းပေးသွားမယ့် ရွှေထူး

ရွှေထူးကတော့ တေးရေး၊တေးဆို အဆိုတော်တစ်ယောက်အနေနဲ့ အောင်မြင်ကျော်ကြားခဲ့သူတစ်ယောက်ပါ။ ခံစားချက်အပြည့်နဲ့ သီချင်းများစွာကို ရေးစပ်သီဆိုခဲ့ပြီး ပရိသတ်ရင်ဘတ်နဲ့ထပ်တူကျခဲ့တဲ့အဆိုတော်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ မြင့်မားတဲ့အရပ်၊ ဆွဲဆောင်မှုရှိတဲ့မျက်နှာကိုပိုင်ဆိုင်ထားတဲ့ ရွှေထူးကတော့ နောက်ပိုင်းမှာ သရုပ်ဆောင်ဘက်ပိုင်းကိုပါ ကူးပြောင်းလာပြီး အခုဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုလည်း ရိုက်ကူးခဲ့ပြီးပြီဖြစ်ပါတယ်။

ပရိသတ်ရဲ့အချစ်တော်မင်းသမီးချော ရွှေမှုံရတီနဲ့အတူတူ သာယာချမ်းမြေ့တဲ့အိမ်ထောင်ရေးကိုလည်း ပိုင်ဆိုင်ထားပြီး တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်နဲ့အိမ်ထောင်ရေးကို တည်ဆောက်ထားကြသူတွေလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ရွှေထူးက မိခင်ဖြစ်သူရဲ့ (၅၃) နှစ်ပြည့်မွေးနေ့အတွက် ဆန်၊ဆီ၊ဆပ်ပြာနဲ့ အချိုရည်တွေကို လှူဒါန်းပေးသွားမယ်လို့ ဖော်ပြခဲ့ပါတယ်။ အဓိကအားဖြင့် ဆိုက်ကားဆရာနဲ့ကားဆရာတွေအတွက် လှူဒါန်းပေးသွားမှာဖြစ်ပြီး လှူဖို့အတွက်ပြင်ဆင်နေတဲ့ပုံရိပ်အချို့နဲ့အတူ ပရိသတ်ကို မျှဝေပေးခဲ့ပါတယ်။

လတ်တလောမှာတော့ ကမ္ဘာအရပ်ရပ်မှာပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် အလုပ်တချို့ရပ်နားလိုက်ကြရပြီး အခြေခံလူတန်းစားတွေအတွက် စားဝတ်နေရေးခက်ခဲနေတဲ့အချိန်လည်းဖြစ်ပါတယ်။ ဒါ့အပြင် အခြေခံဆေးဝါးနဲ့ စားသောက်ကုန်တွေဝယ်ယူမှုမြင့်တက်လာတာကြောင့်လည်း ကုန်ဈေးနှုန်းကြီးမြင့်လာတဲ့အတွက် မတတ်နိုင်သူတွေအဖို့ တော်တော်လေးဒုက္ခရောက်နေတဲ့အချိန်လို့လည်း ဆိုရမှာပါ။ ဒီလိုအချိန်မျိုးမှာတော့ လိုအပ်နေတဲ့သူတွေကိုလှူဖို့ ဝန်မလေးတဲ့ မြန်မာလူမျိုးတွေရဲ့ သဒ္ဓါထက်သန်တဲ့စိတ်ကြောင့် အလှူပြုလုပ်ပေးနေတဲ့သူတွေကိုလည်း မကြာခဏဆိုသလိုတွေ့မြင်ရမှာပါ။ ပရိသတ်ရဲ့အချစ်တော်မင်းသားချောရွှေထူးကလည်း မိခင်ရဲ့မွေးနေ့မှာ တကယ်လိုအပ်နေတဲ့အခြေခံလူတန်းစားတွေကို သွားရောက်လှူဒါန်းပေးမှာဖြစ်တဲ့အကြောင်း မျှဝေပေးလိုက်ပါတယ်နော်။


Source – Htoo Khant
Rainbow- Cele Gabar

x