ကျန်းမာရေးဝန်ထမ်းတွေနဲ့ အများအကျိုးအတွက်ကူညီနေတဲ့သူတွေကိုမြင်ပြီး သူ့ရဲ့ခံစားချက်တွေကို ပြောပြလိုက်တဲ့ မော်ဒယ်လ်သက်သက်သင်း

သက်သက်သင်းလို့လူသိများတဲ့ မော်ဒယ်လ်မလေးBeauty ကတော့ မြန်မာနိုင်ငံကနေပြီး နိုင်ငံတကာအထိထိုးဖောက်နိုင်ခဲ့တဲ့ International Model တစ်ယောက်ဆိုတာကို ပရိသတ်တွေသိကြမှာပါ။Myanmar’s Pride ဆုပေးပွဲကြီးမှာတောင်မှ မော်ဒယ်လ်နဲ့ အလှမယ်ကဏ္ဍအတွက် ဆန်ကာတင်စာရင်းကိုပါဝင်ခဲ့ပါသေးတယ်။ Beauty ကတော့ International Model ဖြစ်တာကြောင့် နိုင်ငံရပ်ခြားတိုင်းပြည်တွေမှာ မော်ဒယ်လ်အလုပ်ကို သွားရောက်လုပ်ကိုင်နေရတာပါ။


Beauty ကတော့ အခုရက်ပိုင်းတွေမှာ လန်ဒန်မှာမော်ဒယ်လ်အလုပ်လုပ်ကိုင်နေတာဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာပါ။ရောက်ရောက်ချင်းမှာပဲ ကိုရိနာဗိုင်းရပ်စ်ကူးစ်ခံရမှုရှိမရှိကို (၁၄)ရက်တာစောင့်ကြည့်ခံနေရတာပဲဖြစ်ပါတယ်။ဒီလိုစောင့်ကြည့်ခံနေရတတဲ့အချိန်မှာ ကြုံတွေ့ရတဲ့ခံစားချက်တွေကို သူ့ရဲ့ဖေ့ဘွတ်ခ်မှာရေးသားခဲ့တာပါ။


သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ဝေဒနာခံစားနေရတဲ့သူတွေ ဆရာဝန်တွေ nurse တွေ သူများအကျိုးအတွက်လိုက် ကူညီပေးနေတဲ့သူတွေ ပုံတွေကိုမြင်ပီး ကိုယ့်အခန်းထဲမှာအစာရေဆာအပြည့်နဲ့နေနေရတာကို ပျင်းတယ်ဆိုပီးကွကိုရေရွတ်မိရင်တောင် အားနာမိတယ်” လို့ရေးထားတာပါ။အခုအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မခံရအောင် ကျန်းမာရေးဝန်ထမ်းတွေနဲ့ အများအကျိုးဆောင်ရွက်သူတွေဟာ အစွမ်းကုန်ကြိုးစားနေကြတာပါ။Beauty ကတော့ သူ့ရဲ့ခံစားချက်ကို ပရိသတ်ကိုပြန်လည်မျှဝေလိုက်ပါပြီနော်…
Source:ThetThetThin

x