COVID-19က သံသယများရင် Save မဖြစ်ဘူးလို့ ပြောလာတဲ့ မေမီကိုကို

Cele Gabar ပရိသတ်ကြီးရေ … ပရိသတ်တွေအားလုံး စိတ်ပူနေကြတဲ့ ရောဂါဆိုးကြီးကို ကျော်လွှားနိုင်ဖို့အတွက် အနုပညာရှင်တွေကလည်း အသိပညာပေးတွေ ဆက်တိုက်လုပ်ဆောင်ပြီး ပူးပေါင်းပါဝင်နေကြတာဖြစ်ပါတယ် ။ မြိုင် လို့ပရိသတ်တွေ ချစ်စနိုးခေါ်ရတဲ့ မေမီကိုကိုကလည်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ သူမရဲ့ချစ်ပရိသတ်တွေအတွက် Covid-19 အသိပညာပေးပို့စ်လေးတွေ ဆက်တိုက်တင်ပေးနေခဲ့ပါတယ် ။

ဟိုမှာပြန့်တယ် ဒီမှာကူးတယ်တွေက တကယ်တော့မထူးဆန်းတော့ဘူး လူလူချင်းထိတွေ့ရုံနဲ့ ကူးတာပဲ မဟုတ်တော့ဘူးလေ အရာဝတ္တုတွေကနေလည်းကူးနေတော့ ကူးဆက်မှုတွေက ရေတွက်နိုင်မှာလည်းမဟုတ်တော့ဘူး အများကြီးရှိမှာပါ မတွေ့မိသေးတာပဲရှိမှာ အဲ့တာတွေ တွေးပြီး ကြောက်လား စိုးရိမ်လား ဒါဆို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရုံမှ တပါး ဘာမှမရှိဘူး Save ဖြစ်အောင်နေ ကြပါနော် ကျွန်တော်တို့တွေ အကောင်းဆုံးဖြတ်ကျော်နိုင်မှာပါ ယုံကြည်မှုပဲထားပါ ဘာကို ယုံကြည့်ရမှာလဲမမေးနဲ့ ကိုယ့်ကိုယ်ကိုယ် safe ဖြစ်အောင်နေရဲ့နဲ့ သံသယမများနဲ့ သံသယများရင် Safe မဖြစ်ဘူး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ရအောင်အရင်နေ ကြပါ ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့ ပရိသတ်တွေကို စိတ်ခွန်အားပေးပြီး ကိုယ့်ကိုယ့်ကို ယုံကြည်ကြဖို့ သတိပေးစကားလေးတွေလည်း ရေးသားထားပါသေးတယ် ။

ပရိသတ်ကြီးလည်း ကိုယ့်ကိုယ်ကို ကာကွယ်ရုံမှတပါး အခြားမရှိတာမို့ မိမိကိုယ်ကို ကာကွယ်ရာလည်း ရောက် ချစ်ရသူတွေကိုလည်း ကာကွယ်ရာရောက်အောင် အိမ်မှာနေပြီး ပါဝင်ပူးပေါင်းပေးကြဖို့မေတ္တာရပ်ခံပါတယ်နော် ။ မေမီကိုကို ကိုချစ်ကြတဲ့ ပရိသတ်ကြီးလည်း မေမီကိုကို ပြောတဲ့စကားအတိုင်း ကိုယ့်ကိုယ်ကို ယုံကြည်မှုလေးထားပြီး အကောင်းဆုံးကျော်ဖြတ်နိုင်ကြပါစေနော် ။

Source : May Mi Ko Ko
Emily (Cele Gabar)

x