Live လွှင့်ပြီး စကားပြောနေတဲ့ Bobby Soxer ကို လိုက်စလို့ ပရိသတ်တွေကြားမှာ နာမည်ကြီးနေတဲ့လွှမ်းပိုင်

တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေနဲ့ ပျော်ရွှင်ပြီး အားကျစရာကောင်းတဲ့ အချစ်ရေးလေးကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင် ဆယ်လီစုံတွဲတွေထဲမှာ အဆိုတော် လွှမ်းပိုင်နဲ့ Bobyy Soxer တို့အတွဲလေးကလည်း အပါအဝင်ပါပဲ ။ ဂီတလောကမှာ ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ အနုပညာရှင်ဆယ်လီစုံတွဲလေးဖြစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ကလည်း ချစ်သူသက်တမ်း ဆယ်စုနှစ်တစ်ခုကို ဖြတ်သန်းလာကြပြီဖြစ်ပါတယ် ။

လတ်တလောမှာတော့ တကမ္ဘာလုံး စိုးရိမ်ရတဲ့ အနေအထားရောက်နေတဲ့ Covid-19 ကြောင့် အနုပညာရှင်တွေရော ပရိသတ်တွေပါ အိမ်တွင်းအောင်းပြီး ကာကွယ်နေကြတာပဲဖြစ်ပါတယ် ။ Home qurantane အချိန်တွေဆိုတော့ အားလုံးနဲ့အတူတူ စကားပြောချင်တဲ့အတွက် Bobby Soxer က Live လွှင့်ပြီး ပရိသတ်တွေနဲ့စကားပြောခဲ့ပါတယ် ။ Bobby soxer ရဲ့ Live အောက်မှာ တော့လွှမ်းပိုင်တစ်ယောက် ရုပ်ပြောင်ပြီး Comment တွေလျှောက်ရေးပြီး စနောက်ခဲ့တဲ့အတွက် ပရိသတ်တွေကြားမှာ အကဲပိုတယ်လို့ အစခံနေရတာပဲဖြစ်ပါတယ် ။

လွန်ခဲ့တဲ့ မေလ (၁၈) ရက်နေ့က ချစ်သူသက်တမ်း (၁၀) နှစ်ပြည့်ခဲ့တာဖြစ်ပြီး အခုဆိုရင် ချစ်သူသက်တမ်း ဆယ်စုနှစ်တစ်ခုကို ဖြတ်ကျော်လာပြီး ချစ်သူသက်တမ်း (၁၁) နှစ်ပြည့်တော့မှာဖြစ်ပြီး  အကြင်နာမပျက်ဘဲ ချစ်ခင်စွာ လက်တွဲ ကျော်ဖြတ်ခဲ့တဲ့ သူတို့စုံတွဲရဲ့ မင်္ဂလာပွဲလေးကို ပရိသတ်တွေကိုအရမ်းကို မြင်ချင်နေကြပြီဖြစ်ပါတယ် ။ လွှမ်းပိုင်ကတော့ နှစ်ယောက်ဘ၀ တစ်ခု ထူထောင်ဖို့ ကြိုးစားနေဆဲဖြစ်တယ်လို့ ပရိသတ်တွေကို မေတ္တာရပ်ခံထားပါတယ် ပရိသတ်ကြီးရေ ..။

Source : Bobby Soxer
Emily (Cele Gabar )

x