နင်ပေးတဲ့ နာကျင်မှုတွေနဲ့နေသားကျနေပြီဆိုတဲ့ ခြူးလေး

MRTV-4 ဇာတ်လမ်းတွဲလေးတွေထဲက နေ ပရိသတ်တွေ ချစ်ခင်အားပေးခဲ့ကြတဲ့ တက်သစ်စ အနုပညာရှင်တွေ အများအပြားရှိပါတယ် ။ ခြူးလေးကတော့ ” ပဉ္စလတ်ရွာ ” ဇာတ်လမ်းတွဲက စိမ်းဝါ ဆိုတဲ့ ကာရိုက်တာလေးနဲ့ ပရိသတ်ရင်ထဲရောက်ရှိခဲ့တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပြီး နောက်ပိုင်း ဇာတ်လမ်းတွဲတွေမှာလည်း အဓိကမင်းသမီးနေရာက ပါဝင်ရိုက်ကူးလာတာကို တွေ့ရပါတယ် ။ အဓိက ပရိသတ်တွေသူမကိုချစ်ခင် တဲ့ အချက်ကတော့ ချစ်စရာကောင်းတဲ့ tik tok လေးတွေ ကြောင့်ပဲ ဖြစ်ပါတယ် ။

အချစ်ရေးနဲ့ပတ်သက်ပြီး ချစ်သူနဲ့လမ်းခွဲပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို ပဲ ကြိုးစားလုပ်ဆောင်နေတာဖြစ် ပါတယ် ။ လတ်တလောမှာတော့ ခြူးလေးတစ်ယောက် ” နာကျင်မှုတွေနဲ့ နေသားကျနေတဲ့ ငါ့ကို စိတ်ချမ်းသာအောင်ထားတဲ့တစ်နေ့ နင့်ကို ကျောခိုင်းသွားမှာပါအဲ့လောက်ထိ နင်ပေးတဲ့…..နာကျင်မှုတွေနဲ့ နေသားကျနေတာပါ ‘ ဆိုတဲ့စာသားလေးကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာရေးသားခဲ့ပါတယ် ။ ခြူးလေးရဲ့ ပရိသတ်တွေကတော့ နာကျင်မှုတွေနဲ့ ရှင်သန်ရတာ ပင်ပန်းပါတယ် လောကမှာ စိတ်ပေါ့ပေါ့ပါးပါးနဲ့လွှတ်လပ်စွာနဲ့ပဲ အရာရာရင်ဆိုင်ပြီး ရှေ့ဆက်လျှောက်ပါ ဒီလိုနည်းနဲ့ဘဲ ဘဝအမောတွေကို အနိုင်ယူလိုက်ပါကလေးရယ် ဆိုတဲ့ အားပေးစကားလေးတွေ မှတ်ချက်ပေးထားကြတာလည်းတွေ့ရပါတယ် ။

သူမရဲ့ဖန်တွေကတော့ ခြူးလေးတစ်ယောက် အခုတလော အရမ်းကို Feel နေလို့ဘာတွေဖြစ်နေလဲလို့ မေးခွန်းထုတ်နေကြပြီး နောက်ထပ်အချစ်သစ်များထပ်တွေ့နေပြီလားလို့ စိတ်ဝင်စားနေကြပါတယ် ။ ဘာပဲဖြစ်ဖြစ် အားတင်းပြီး အားလုံးကျော်ဖြတ်နိုင်ဖို့သူမရဲ့ဖန်တွေက ဆုတောင်းပေးနေကြ ပြီး အရမ်းမFeel ပါနဲ့လို့လည်းတောင်းဆိုထားကြပါသေးတယ်နော် ။

Source : Chue Lay
Emily (Cele Gabar)

x