ရည်းစာနဲ့ပြတ်တာထက် ပိုအသည်းကွဲရတဲ့ မြင်ကွင်းတစ်ခုကို မြင်ခဲ့ရတဲ့ ဘုန်းမင်းနေလ

ပရိသတ်ကြီးရေ မိခင်ဖြစ်သူ အကယ်ဒမီခင်ဇာခြည်ကျော်နဲ့အတူ ပွဲတွေတက်ရင်း ပရိသတ်မျက်မှန်းတန်းမိလာတဲ့ ဘုန်းမင်းနေလ လေးကတော့ မိန်းကလေးပရိသတ်တွေရဲ့ အသည်းကျော်လေး တစ်ယောက်ပါ ။အကယ်ဒမီပေးပွဲ ဗန်းကိုင်အဖြစ် ပါဝင်ပြီးနောက်မှာတော့ အားပေးတဲ့ ပရိသတ်တွေအခိုင်အမာရရှိခဲ့သလို အနုပညာအလုပ်တွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေခဲ့ပြီဖြစ်ပါတယ် ။

လတ်တလောမှာတော့ စင်္ကာပူမှာကျောင်းတက်နေရတာဖြစ်လို့ အနုပညာအလုပ်တွေကို ဇောက်ချမလုပ်ကိုင်နိုင်သေးပေမယ့် အားပေးတဲ့ပရိသတ်တွေကတော့ အခိုင်အမာပါပဲနော် ..။ မိန်းကလေး ပရိသတ်တွေရဲ့ အသည်းကျော်လေး ဘုန်းမင်းနေလကတော့ လတ်တလောမှာ ရည်းစားနဲ့ပြတ်တာထက် ပိုအသည်းကွဲရတဲ့ မြင်ကွင်းလေးတစ်ခုကို သူ့ရဲ့ မိုင်ဒေးကနေတဆင့် ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ ရည်းစားနဲ့ပြတ်မှမဟုတ်ဘူး ဒီလိုမြင်ကွင်း မျိုးမြင်ရလည်း အသည်းကွဲတာပဲ ဆိုတဲ့စာသားလေးနဲ့အတူ ဒီမြင်ကွင်းလေးကို တင်ခဲ့တာဖြစ်ပါတယ် ။

တောင်းစားနေတဲ့ သားအဖ နှစ်ယောက်ရဲ့ သနားစဖွယ် မြင်ကွင်းလေးဖြစ်ပြီး လူတိုင်း အိမ်ထဲက အိမ်ပြင်မထွက်ပဲ Covid-19 ကာကွယ်နေချိန်မှာ ဝမ်းရေးအတွက် ရုန်းကန်နေရတဲ့ ပုံရိပ်လေးကတော့ တကယ်ပဲ ရင်ထဲမကောင်းဖြစ်ရပါတယ် ပရိသတ်ကြီးရေ..။ ဘုန်းမင်းတစ်ယောက် အသည်းကွဲသွားစေခဲ့တဲ့ ဒီမြင်ကွင်းလေးကို Cele Gabar ပရိသတ်ကြီးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ..။

Source : Phone Min Nay La
Emily (Cele Gabar)

x