အခုလက်ရှိလူသားတွေရဲ့ဘဝက တရုတ်ကထုတ်တဲ့ ဟန်းဆက်လိုဖြစ်နေပြီဆိုတဲ့ အိုင်းရင်းဇင်မာမြင့်

အသံပါဝါကောင်းကောင်းနဲ့ပရိသတ်တွေရင်ထဲထိစေတဲ့တေးသီချင်းလေးတွေကိုသီဆိုလေ့ရှိတဲ့တေးသံရှင်အိုင်းရင်းဇင်မာမြင့် ကတော့ ပရိသတ်တွေချစ်ရတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ် ။ “အကြောင်းပြန်ပေးပါ” “ချစ်လို့”စသဖြင့် တေးစီအယ်ဘမ်တွေကို ထွက်ရှိအောင်မြင်ထားနိုင်တဲ့ အထိ အမာခံ ပရိသတ်တွေအများကြီးကို ရရှိထားသူတစ်ယောက်ပါ။

တေးသံရှင် အိုင်းရင်းဇင်မာမြင့်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေနေတွေနဲ့ပတ်သက်ပြီး အခုလက်ရှိလူသားတွေဘဝက ဘာနဲ့တူလဲဆိုတော့ တရုတ်ကထုတ်တဲ့ဟမ်းဆက်တွေလိုပဲ ဆင်မ်းကဒ်၂ကဒ်ထိုး ၁ကဒ်=၁ကပ်က ရောဂါဆိုးကပ်၂ကဒ်=၂ကပ်က စီးပွားရေးကပ်ထပ်မတိုးလာပါစေနဲ့ပဲ ဆုတောင်းပါတယ်ဆိုတဲ့စာသားလေးကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာရေးသားပြီး ဆုတောင်းစကားဆိုခဲ့ပါတယ် ။

ပရိသတ်တွေကလည်း နောက်ထပ် ကပ်ဆိုးတွေ ထပ်တိုးမလာဖို့ဘဲ ဆုတောင်းရုံရှိတော့တယ်ဆိုတဲ့ မှတ်ချက်လေးတွေပေးထားပြီး အိုင်းရင်းကို ထောက်ခံနေကြတာတွေ့ရပါတယ် ။ ရောဂါဆိုးကြီးနဲ့ ပတ်သက်ပြီး ပူပင်သောကတွေ များနေကြတဲ့ ပရိသတ်ကြီးလည်း အိမ်မှာနေရင်း Covid-19 ကိုကာကွယ်ကြပါလို့ တိုက်တွန်းလိုက်ပါရစေနော် ။

Source : Iren Zin Mar Myint
Emily (Cele Gabar)

x