ကျပ်မပြည့်တဲ့သူနဲ့ Video Call ပြောရတာမလွယ်ဘူးဆိုတဲ့ ဧငြိမ်းဖြူ

ပရိသတ်ကြီးရေ လူငယ်ပရိသတ်တွေ အရမ်းအားကျရတဲ့ အဆိုတော်ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူ တို့စုံတွဲလေးဟာဆိုရင် အနုပညာလမ်းကြောင်းပေါ်မှာ ကိုယ်စီလျှောက်လှမ်းနေကြတဲ့ ပြည်သူချစ် အနုပညာရှင်တွေဖြစ်ပါတယ်။သူတို့စုံတွဲလေးက တစ်ယောက်ကိုတစ်ယောက်အရမ်းဂရုစိုက်ကြပြီး မေတ္တာချင်းဖလှယ်လာခဲ့တာ သုံးနှစ်ကျော်တိုင်ခဲ့ပါပြီနော်။

ာတော့ Covid-19 ကြောင့် အိမ်တွင်းအောင်းနေကြတဲ့ သူမတို့စုံတွဲက ဗီဒီယိုကောပြောရင်း အလွယ်သယ်နေကြတဲ့ ပုံရိပ်လေးကို ဧငြိမ်းဖြူက သူမရဲ့ မိုင်ဒေးမှာ တင်ခဲ့တာဖြစ်ပါတယ် ။ သိပ်ကျပ်မပြည့်တဲ့သူတွေနဲ့ Video Call ပြောရတာလည်း လွယ်တော့မလွယ်ဘူးလေနော် ဆိုပြီး ချစ်သူ ရဲရင့်အောင်ကို စနောက်ထားပါသေးတယ်နော် ..။ နှစ်ယောက်စလုံးက ချစ်စရာကောင်းကြပြီး လိုက်ဖက်ညီကြလို့ ပရိသတ်တွေက သဘောတူနေကြတဲ့ ချစ်စရာ စုံတွဲလေးလို့တောင် ဆိုရမှာပါ ။

တစ်ယောက်နဲ့တစ်ယောက်နဲ့မျက်စိအောက်ကအပျောက်မခံနိုင်အောင် ချစ်ကြတာလည်း သူတို့အတွဲလေးက အနုပညာအလုပ်တွေကို ဝါသနာတူ တက်ညီလက်ညီလုပ်ကိုင်နေရင်း ကိုယ်ဆီအောင်မြင်မှုရရှိထားသူတွေပါ။ ချစ်သူသက်တမ်း (၃) နှစ်ကျော်ပြီဖြစ်လို့ ပရိသတ်တွေက မင်္ဂလာသတင်းလဲကြားချင်နေပါပြီတဲ့နော် ..။

Source : A Nyein Phyu
Emily (Cele Gabar)

x