အိမ်မှာ Stay Home လုပ်ရင်းငယ်ဘ၀ ပုံရိပ်လေးတွေကို ချပြလိုက်တဲ့ ပိုးမမီသာ

ပိုးမမီသာကတော့ နာမည်ကျော် တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်ရဲ့ SAI Campus Queen ရွေးချယ်မှုမှာ ပါဝင်ခဲ့တဲ့ ဆေးကျောင်းသူလေးဖြစ်ပြီး သိင်္ဂါရသီချင်းတစ်ပုဒ် MV မှာပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေအားပေးမှုအခိုင်အမာရရှိခဲ့သူလေးပါ ။ ဆေးကျောင်းတစ်ဖက်နဲ့ ကြော်ငြာတွေရိုက်ကူးရင်း ပိတောက်ကတဲ့ ဂီတဆိုတဲ့ ရုပ်ရှင်ကားကြီးမှာလည်း စိုင်းစိုင်းနဲ့အတူ တွဲဖက်သရုပ်ဆောင်ထားပြီး ပရိသတ်တွေတခဲနက်အားပေးခြင်းကိုလည်း ခံခဲ့ရပါတယ် ။

အမြဲလိုလို နန်းဆန်ဆန် မြန်မာဝတ်စုံလေးတွေကို ဝတ်ဆင်တတ်ပြီး ယဉ်ယဉ်လေးနဲ့လှတဲ့ သူမကို ယောက်ျားလေးပရိသတ်တွေသာမက မိန်းကလေး ပရိသတ်တွေကပါ အသည်းစွဲချစ်ခင်အားပေးနေကြတာပဲဖြစ်ပါတယ် ။ လတ်တလောမှာတော့ Covid-19 ကြောင့် Stay home လုပ်ရင်း အိမ်တွင်းအောင်းနေရတဲ့ ပိုးမမီသာလေးက အိမ်မှာတစ်ရက်လေးနေတယ်လျှောက် မွှေလိုက်တယ်သေချာတယ် ပိုးမမှီသာပဲများတာငယ်ငယ်ကတည်းကပဲ ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့ငယ်ဘ၀ ပုံရိပ်လေးတွေကို ပရိသတ်တွေကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ် ။

သူမရဲ့ ပရိသတ်တွေကတော့ ငယ်ငယ်တုန်းက ရုပ်နဲ့ အခုရုပ်လုံးဝမတူတော့ဘဲ ခြားနားသွားပြီး အခုအရမ်းအရမ်းကို လှလာတယ်လို့မှတ်ချက်လေးတွေပေးနေကြပါတယ် ။ သေချာတာတစ်ခုကတော့ ငယ်ငယ်တုန်းက ထက်အဆပေါင်းများစွာပိုလှလာတာပါ ပရိသတ်ကြီးရေ ..။ ပိုးမမီသာကို ချစ်ကြတဲ့ Cele Gabar ပရိသတ်ကြီးအတွက် ပိုးမမီသာရဲ့ ချစ်စဖွယ်ငယ်ဘ၀ ပုံရိပ်လေးတွေကို တဆင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Poe Mamhe Thar
Emily (Cele Gabar)

x