ဝူဟန်ဒုက္ခပေးလို့ သူများလှူတာကို တန်းစီနေရပါပြီလို့ဆိုလာတဲ့ ဟာသ သရုပ်ဆောင်ဦးကျော်ထူး

ပရိသတ်တွေကို နှစ်ပေါင်းများစွာ ဟာဒရရွှင်ဆေး တိုက်ကျွေးပြီး ရယ်မောပျော်ရွှင်စေခဲ့တဲ့ အနုပညာရှင်တွေထဲမှာ ဟာသ သရုပ်ဆောင် လူရွှင်တော် ဦးကျော်ထူးလည်း အပါဝင်ပါပဲ ပရိသတ်ကြီးရေ ..။ ဦးကျော်ထူးကတော့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ ဇာတ်ပို့ ဇာတ်ရံအနေနဲ့ နှစ်ပေါင်းအတော်ကြာ ပရိသတ်တွေကို အနုပညာနဲ့ပေးဆပ်ခဲ့တဲ့ နိုင်ငံကျော် ဟာသ လူရွှင်တော်တစ်ယောက်လို့ဆိုရမှာပါ ။ ပရိသတ်တွေတင်မက အနုပညာရှင်တွေကပါ ချစ်ခင်ရတဲ့ ဦးကျော်ထူးကတော့ Covid-19 နဲ့ပတ်သက်ပြီး သူ့ရဲ့အခက်ခဲလေးတွေကို ပရိသတ်တွေကို ရင်ဖွင့်ပြောပြလာခဲ့ပါတယ် ။

ရိုက်လက်စ ကားတွေကတော့ ခဏရပ်ထားရတာဖြစ်ပြီး တကမ္ဘာလုံးရင်ဆိုင်နေရတဲ့ကိစ္စဆိုတော့လည်း နားလည်ပေးရတာပေ့ါလို့ ဦးကျော်ထူးက ပြောပြလာခဲ့ပါတယ် ။ အရင်ကလို မရိုက်ရတော့ဘူးဆိုတော့ အလုပ်က ပါးနေရတဲ့အထဲ အခုလို ဖြစ်တော့ အလုပ်ကပိုပြီး ပါးသထက်ပါးလာတယ်လို့ သိရပါတယ် ။ အရင်တုန်းကတော့ကျွန်တော် တို့မိသားစုတွေက နယ်ပေါင်းစုံလှည့်ပြီး လိုက်လှူနေတဲ့သူတွေပါ ကိုယ်က ယူဖို့မရှိဘူး ပေးဖို့ပဲရှိတယ် ဒီတစ်ခါတော့ ဝူဟန်ဒုက္ခပေးလို့ အခက်ခဲတွေရှိနေတာနဲ့သူများလှူတာကို အများနဲ့အတူ တန်းစီနေရတာပါလို့ ပရိသတ်တွေကို ရင်ဖွင့်ပြောပြလာခဲ့တာဖြစ်ပါတယ် ။

ပရိသတ်တွေကိုလည်း ကျန်းမာရေးဌာနက လမ်းညွှန်ထားတဲ့အတိုင်းနေထိုင်ကြဖို့နဲ့ တစ်ယောက်အစ တစ်ရာအဆုံး ဆိုသလို တစ်ယောက်က စပြီး သောင်းနဲ့ချီ သိန်းနဲ့ချီဖြစ်သွားနိုင်တဲ့အတွက် သူတို့လမ်းညွှန်ချက်လေးတွေအတိုင်း အိမ်ထဲမှာနေဆိုလည်း နေပေးလိုက်ပါ လို့ ချစ်ပရိသတ်တွေကို သတိပေးစကားဆိုခဲ့ပါသေးတယ် ။ ဦးကျော်ထူးကို ချစ်ကြတဲ့ Cele Gabar ပရိသတ်ကြီးအတွက် အင်တာဗျူး ဗီဒီယိုလေးကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Exclusive On Cele Gabar
Emily (Cele Gabar)

x