သူ့ရဲ့ ပုံနဲ့ ပရိသတ်တွေထင်ယောင်ထင်မှားဖြစ်အောင် လုပ်နေတဲ့သူကို ရာဇသံပေးလိုက်တဲ့ ကိုပေါက်

ကိုပေါက်ကတော့ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်အနေနနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး လက်ရှိမှာတော့ ဒါရိုက်တာအနေနဲ့ပါ အနုပညာအလုပ်တွေကို တိုးချဲ့လုပ်ကိုင်နေပြီလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ ကိုပေါက်က သူ့ရဲ့ ပုံကို ယူသုံးပြီး အထင်အမြင်လွဲမှားအောင် လုပ်နေတာကို ခံနေရတဲ့အကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေသိရှိအောင် ဖော်ပြလာခဲ့ပါတယ်။

အဲ့တာကတော့ ပြီးခဲ့တဲ့ မတ်လ (၂၄)ရက်နေ့တုန်းက ကိုပေါက်တစ်ယောက်သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “အပြင်မထွက်ဘဲ အိမ်မှာနေပါ။ သင့်နှင့် သင့်ကမ္ဘာမြေကို စောင့်ရှောက်ပါ။ အိမ်မှာနေရင်စာဖတ်ပါ”ဆိုပြီး လတ်တလော Covid-19 ရောဂါပြန့်နှံမှုကြောင့် တတ်နိုင်သမျှအပြင်မထွက်ဘဲနေဖို့ တိုက်တွန်းထားခဲ့တဲ့ စာလေးကို ကိုင်ပြီး ရိုက်ကူးထားခဲ့တဲ့ ပုံကို စာနေရာမှာ ပရိသတ်တွေအထင်အမြင်လွဲမှားစေမယ့် စာသားကို Photoshop နဲ့ ပြောင်းခဲ့ပြီး ပြန်လည်တင်တာက်ု ခံခဲ့ရတာပဲဖြစ်ပါတယ်။

ကိုပေါက်ကတော့ အခုလို ပရိသတ်တွေ အထင်အမြင်လွဲမှားအောင် သူ့ပုံကို ယူသုံးထားတဲ့ Facebook အကောင့် ပိုင်ရှင်ကို အမြန်ဆုံးဖျက်ပေးဖို့ကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပုံအစစ်နဲ့ ပုံအတုကို ယှဉ်တွဲဖော်ပြပြီး ပြောဆိုထားတာပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ ကိုပေါက်ကတော့ လုပ်ကြံထားတဲ့ အကောင့်ကို ပရိသတ်ကြီးအနေနဲ့ သိအောင်ပြောပေးကြပါဦးတဲ့ နော်။

Chilli – CeleGabar
Source – Aung Min Naing

x