ဖြေဆေးလိုချင်ရင် ‘ ဖြေဆေးတွေ့ပြီဟေ့’လို့ ပြောဖို့ တိုက်တွန်းလိုက်တဲ့ လှအဉ္ဇလီတင့်

လှအဉ္ဇလီတင့်ကတော့ အောင်မြင်ကျော်ကြားတဲ့မင်းသမီးတစ်လက်အဖြစ်ရပ်တည်ခဲ့ပေမယ့် အခုချိန်မှာဆိုရင်တော့ သူချစ်ရတဲ့အနုပညာအလုပ်တွေနဲ့ အလှမ်းကွာဝေးနေခဲ့ပါပြီ။ မျက်လုံးဝိုင်းဝိုင်း၊နုှတ်ခမ်းဖူးဖူးလေးနဲ့ သူ့ကိုတော့ ပရိသတ်တွေကအချစ်ပိုခဲ့ရတာဖြစ်ပြီး တီဗွီကြော်ငြာ၊ဗွီဒီယိုနဲ့ ကာရာအိုကေသီချင်းတွေမှာ အများဆုံးနေရာယူခဲ့သူလည်း ဖြစ်ပါတယ်။ သူကတော့ အနုပညာအလုပ်တွေရပ်နားပြီးနောက်ပိုင်းမှာ ရွှေအဉ္ဇလီစားသောက်ကုန်လုပ်ငန်းကို ဦးစီးလုပ်ကိုင်နေပြီး သူ့ရဲ့လုပ်ငန်းက ရွှေစိတ်ပျော်သုပ်ဟာဆိုရင်တော့ မိန်းကလေးတွေပါးစပ်ဖျားမှာ နာမည်ကြီးလို့ဆိုရမှာပါ။

ဒီနေ့မှာတော့ ပရိသတ်ရဲ့အချစ်တော်မင်းသမီးချောလေး လှအဉ္ဇလီတင့်ကတော့ ” ဖြေဆေးတွေ့ပြီဟေ့” ဆိုတဲ့စကားလေးကိုတင်ခဲ့တာကြောင့် ပရိသတ်တွေကတော့ များစွာအံ့အားသင့်ခဲ့ရပါတယ်။ ထပ်ပြီးတော့မှ ” ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း သြဘာနမိတ်ထွန်းတဲ့ကျွန်းတဲ့… တွေ့ချင်ကြသူတွေ တင်ကြပေတော့” ဆိုပြီးရေးသားခဲ့တာကြောင့် ပရိသတ်တွေကတော့ များစွာသဘောကျခဲ့ရပါတယ်။ မြန်မာလူမျိုးတွေရဲ့အယူအဆအရ ကျွန်းကြီးလေးကျွန်းထဲမှာမှ ကမ္ဘာဂြိုလ်တည်ရှိတာကျွန်းကတော့ တောင်ကျွန်းဖြစ်ပြီး နမိတ်ထွန်းတဲ့ကျွန်းဖြစ်တယ်လို့ ဆိုစမှတ်ရှိခဲ့ကြပါတယ်။ အဲ့ဒါကြောင့်လည်း မိဘတွေက မရှိစကားမပြောကြဖို့၊ ခဏခဏမညည်းကြဖို့ ဆုံးမခဲ့ကြမှာ အမှန်ပါပဲနော်။

အဲ့ဒါကြောင့်လည်း မင်းသမီးချောလေး လှအဉ္ဇလီတင့်ကတော့ အောင်နမိတ်ဆောင်အောင် ဖြေဆေးတွေ့ပြီဟေ့လို့ ပြောကြဖို့ တိုက်တွန်းလိုက်တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ…. သြဘာနမိတ်ထွန်းတဲ့ ဇမ္ဗူဒီပါလက်ယာတောင်ကျွန်းမှာနေထိုင်တဲ့ပရိသတ်ကြီးရော ဘယ်လိုသဘောရလဲ မှတ်ချက်ပေးခဲ့ပါဦးနော်။


Source – Hla Inzali Tint
Rainbow- Cele Gabar

x