လက်ရှိရည်းစားနဲ့အခုရည်းစားပုံတင်ရတဲ့ Challenge ကိုလက်ခံခဲ့တဲ့ ချောရတနာ

အကယ်ဒမီမင်းသမီးချောလေးချောရတနာကတော့ ချစ်ရတဲ့ခင်ပွန်းနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားအနုပညာရှင် မင်းသမီးတစ်ယောက်ပါ ။ သားလေးနဲ့သမီးလေးကို ပြုစုစောင့်ရှောက်နေရတဲ့အတွက်ကြောင့် အနုပညာလောကနဲ့ ဝေးကွာသွားပေမယ့်လည်း အခုတော့ အနုပညာအလုပ်တွေကို တတ်အားသလောက်ပြန်လည်လုပ်ဆောင်နေခဲ့ပြီဖြစ်ပါတယ် ။ သူမရဲ့သရုပ်ဆောင်ကောင်းမှုတွေကြောင့် အကယ်ဒမီဆုကြီးကိုလည်း ထိုက်ထိုက်တန်တန်ရရှိထားပါသေးတယ် ။

လတ်တလောမှာတော့ Covid-19 ကြောင့် အိမ်တွင်းပုန်းနေရတဲ့ သူတွေက ဖေ့ဘုတ်စ်စာမျက်နှာထက်ကနေ Challenge လေးတွေခေါ်ပြီး အပျော်သဘောနဲ့စနောက်နေကြတာဖြစ်ပါတယ် ။ ဆုပန်ထွာရဲ့ခင်ပွန်းဖြစ်သူ ကိုဥက္ကာက ” မိန်းနဲ့ ရည်းစားပုံ (သို့) အရင်ရည်းစားနဲ့ အခုရည်းစားပုံ လေးတွေ ဒီလို တွဲတင်ရဲတဲ့သူ ဆရာခေါ်ပါမယ် ” ဆိုတဲ့စာသားလေးနဲ့အတူ Challenge ခေါ်ခဲ့တာဖြစ်ပြီး ဒီ Challenge လေးကို လက်ခံလိုက်သူကတော့ မင်းသမီးချောလေး ချောရတနာပါ ။

ပရိသတ်တွေအတွက် အခွီလေးဖြစ်အောင် အရင်ရည်းစားပုံနေရာမှာ အိန္ဒိယမင်းသား ရှာရွှတ်ခန်းပုံ ထည့်ပြီး လက်ရှိရည်းစားနေရမှာတော့ သူမရဲ့ချစ်ခင်ပွန်းသည် ပုံကိုထည့်ထားတာပဲဖြစ်ပါတယ် ။ ချောရတနာတစ်ယောက် ညီညီမောင်ကိုလည်း ဒီ Challenge လေးကို လက်ခံဖို့စိန်ခေါ်နေပါတယ်ပရိသတ်ကြီးရေ ..။

Source : Chaw Yadanar
Emily (Cele Gabar)

x