G Fatt ဆီက Challenge ကို လက်ခံပြီး COVID-19 ရောဂါပိုးနဲ့ပတ်သက်တဲ့ Rapသီချင်းတစ်ပုဒ်သီဆိုလိုက်တဲ့ Ice Cold

Hip Hop အဆိုတော် Ice Cold ကတော့ အဆိုတော် G Fatt တစ်ယောက် ခေါ်လိုက်တဲ့ COVID-19 ရောဂါပိုးနဲ့ပတ်သက်တဲ့ Rapသီချင်းစပ်ဆိုတဲ့ Challenge ခေါ်တာကို လက်ခံပြီးတော့ ရောဂါပိုးနဲ့ပတ်သက်ပြီး ပညာပေးတဲ့သဘောနဲ့ သီချင်းစင်ကာ သီဆိုထားတဲ့ ဗီဒီယိုဖိုင်ကိုတော့ “Challenge Accepted from G Fatt နောက်ထပ် ၂ယောက်ကို မင်းသန့် & Moe ArkarWin ကို Challenge လုပ်ပါတယ် #IceCold #StayHomeBurmaRap2020” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

အဆိုတော် Ice Cold တစ်ယောက်လက်ခံလိုက်တဲ့ Challenge ကတော့ Hip Hop လောကက Rapper တွေကြား COVID-19 ရောဂါပိုးအကြောင်းကို ပြည်သူတွေပိုမိုသိစေရန် ရည်ရွယ်ပြီး သီဆိုတဲ့ Challenge တစ်ခုလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂ်ပိုးတွေ့ရှိသူလူနာဟာ (၁၀)ဦးအထိ ရောက်ရှိလာပြီလည်းဖြစ်ပါတယ်။ အဆိုတော် Ice Cold ကတော့ သီချင်းစာသားထဲမှာ တစ်ကမ္ဘာလုံးမှာ ပြန့်နေတဲ့ဗိုင်းရပ်စ်ပိုး မြန်မာနိုင်င့ကို ရောက်ရှိလာပြီးမို့ ထပ်ပြီး မပျံ့နှံအောင် ဝိုင်းပြီး ကြပ်မတ်ကြဖို့ လက်ဆေးပြီး အပြင်သွားတိုင်း Mask တပ်ခိုင်းတဲ့ ကျန်မာရေးဆိုင်ရာ သတ်မှတ်ချက်တွေကို လိုက်နာကြပါလို့ တိုက်တွန်းထားပါတယ်။

CeleGabar ပရိသတ်ကြီးရေ Hip Hop လောကက Rapper တွေကြား COVID-19 ရောဂါပိုးအကြောင်းကို ပြည်သူတွေပိုမိုသိစေရန် ရည်ရွယ်ပြီး သီဆိုတဲ့ Challenge ကိုတော့ Ice Cold တစ်ယောက် အဆိုတော် G Fatt ဆီက လက်ခံပြီး သီဆိုထားတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်ဝေမျှလိုက်ပါတယ်။

Source: Ice Cold
DarDar-CeleGabar

x