ဇနီးဖြစ်သူနဲ့ ကြင်စဦးတုန်းကပုံလေးတွေကို မျှဝေလာတဲ့ ကိုပေါက်

ကိုပေါက်ကတော့ အနုပညာလောကမှာ သရုပ်ဆောင်ဒါရိုက်တာတစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့ ပရိသတ်တွေရဲ့ အချစ်တော်တစ်ယောက်ပါ။သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကကို စတင်ဝင်ရောက်လာခဲ့ပေမဲ့ ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ အနုပညာအလုပ်တွေကို တွင်တွင်ကျယ်ကျယ်လုပ်ကိုင်နေတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

ကိုပေါက်ကတော့ လက်ရှိမှာ ဇနီးချောလေးနဲ့ အတူတူ ချစ်စရာကောင်းလှတဲ့ သားလိမ္မာလေး နှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး အိမ်ထောင်ဦးစီးကောင်းပီသလှတဲ့ သူတစ်ယောက်ပါ။ဒီနေ့မှာတော့ ကိုပေါက်ဟာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ “တစ်ခါက တစ်ဘဝ”ဆိုပြီး ဇနီးဖြစ်သူနဲ့ ငယ်ဘဝကအတူတူတွဲရိုက်ထားတဲ့ ပုံလေးတွေကို အမှတ်တရအနေနဲ့ မျှဝေဖော်ပြလာခဲ့ပါတယ်။

ဇနီးဖြစ်သူနဲ့ အိမ်ထောင်မပြုခင် ချစ်သူဘဝကတည်းကပုံလေးတွေပါ ပါဝင်တာဖြစ်ပြီး မင်္ဂလာဦးဆွမ်းကျွေးပုံ၊ မင်္ဂလာဆောင်ပုံတွေကိုပါ အမှတ်တရဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ ကိုပေါက်တို့ ဇနီးမောင်နှံရဲ့ ငယ်ဘဝပုံလေးတွေကို ပရိသတ်တွေလည်း ကြည့်ရှုလို့ ရအောင်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Chilli – CeleGabar
Source – Aung Min Naing

x