တတ်နိုင်သမျှအိမ်မှာနေလိုက်ခြင်းဟာ နိုင်ငံရပ်မသွားဖို့ တာဝန်ထမ်းဆောင်နေတဲ့ သူရဲကောင်းတွေကို ကူညီရာရောက်ပါတယ်ဆိုတဲ့ စိုင်းစိုင်း

နိုင်ငံကျော် ဒိတ်ဒိတ်ကြဲရုပ်ရှင်သရုပ်ဆောင်အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကတော့ လက်ရှိအချိန်မှာ တတ်နိုင်သမျှ အိမ်မှာနေခြင်းဟာ နိုင်ငံရပ်မသွားဖို့ တာဝန်ထမ်းဆောင်နေရတဲ့ လုပ်ငန်းလည်ပတ်နိုင်ဖို့ အလုပ်သွားနေရတဲ့ သူရဲကောင်းတွေကို ကူညီရာရောက်ကြောင်း ပြောပြထားပါတယ်။

စိုင်းစိုင်းကတော့ လက်ရှိကြုံတွေ့နေရတဲ့ COVID-19 ကူးစက်မှုကြောင့် ပရိသတ်တွေကို အိမ်မှာနေပြီး သူရဲကောင်းတွေကို ကူညီဖို့ “ကိုယ်တွေတာဝန်ကတော့ ကိုယ့်ပရိသတ်တွေဆီကျန်းမာရေးအသိပေးချက်တွေ ရောက်ရှိဖို့ ကိုယ့်ပရိသတ်တွေညွှန်ကြားချက်တွေလိုက်နာနိုင်ဖို့ပါ တတ်နိုင်သမျှအိမ်မှာနေလိုက်ခြင်းဟာ နိုင်ငံမရပ်သွားဖို့ တာဝန်ထမ်းဆောင်နေရတဲ့ လုပ်ငန်းလည်ပတ်နိုင်ဖို့ အလုပ်သွားပေးနေတဲ့ သူရဲကောင်းတွေကို ကူညီရာရောက်ပါတယ် အားလုံးအတွက် မဖြစ်မနေဆက်လုပ်နေရတဲ့ဝန်ထမ်းတွေ အများကြီးရှိပါတယ် ( ဥပမာ ဆေးရုံ / ရဲဌာန / ဘဏ်လုပ်ငန်း စသဖြင့် အများကြီးပါ ) တတ်နိုင်သူတွေ အိမ်မှာနေခြင်းဖြင့် ကူညီပါခင်ဗျာ အားလုံးကျန်းမာပါစေ” လို့သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

CeleGabar ပရိသတ်ကြီးရေ နိုင်ငံကျော်အဆိုတော် ရုပ်ရှင်သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ကတော့ အားလုံးအတွက် မဖြစ်မနေဆက်လုပ်နေရတဲ့ ဝန်ထမ်းတွေအများကြီးရှိပြီး ဒါကြောင့် တတ်နိုင်သူတွေကို အိမ်မှာနေခြင်းဖြင့် ကူညီဖို့ တောင်းဆိုထားပါတယ်။ ပရိသတ်ကြီးလည်း တတ်နိုင်ရင် အိမ်မှာပဲနေကြပါနော်။

Source: Sai Sai Kham Leng
DarDar-CeleGabar

x