မောင်မောင်အေးရဲ့ပြည်သူနဲ့အတူလှူကြမယ်အစီအစဉ်မှာ မထင်မှတ်ထားလောက်အောင်ပါဝင်လှူဒါန်းခဲ့ကြတဲ့ အနုပညာရှင်များ

မောင်မောင်အေးကတော့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အရေးကိစ္စတွေမှာ လက်မနှေးပါဝင်ကူညီတတ်သူတစ်ယောက်ပါ။ အနုပညာအလုပ်တွေအပြင် ပရဟိတပါတွဲဖက်လုပ်ကိုင်နေသူဖြစ်ပြီး လတ်တလောဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကာကွယ်ရေးလုပ်ငန်းစဉ်တွေမှာလည်း အင်တိုက်အားတိုက်ပါဝင်နေသူတစ်ယောက်ပါ။ We Love Yangon အဖွဲ့လေးကိုတည်ထောင်ထားပြီး ပြည်သူတွေမလိုအပ်ဘဲအပြင်ထွက်စရာမလိုအောင် အခြေခံစားသောက်ကုန်တွေကို ဈေးသက်သက်သာသာနဲ့ပို့ဆောင်ပေးနေပါသေးတယ်။ ဒါ့အပြင် လိုအပ်တဲ့နေရာတွေကို လှူဒါန်းပေးနိုင်ဖို့ ပြည်သူနဲ့အတူလှူကြမယ်ဆိုတဲ့အစီအစဉ်လေးတစ်ခု လုပ်ထားပါတယ်။

    

ဒီ အစီအစဉ်လေးရဲ့ရည်ရွယ်ချက်ကတော့ “အနုပညာရှင်များအနေနဲ့… (၁)သတင်းတစ်ခုခုပေးဖို့ လိုအပ်လာရင် လူထုကြားထဲ သတင်းအမှန်မြန်မြန်ရောက်အောင် ကိုယ့်ဝေါတွေမှာ ပို့စ်တင်ပေးကြရန်…(၂) အနုပညာရှင်များကိုယ်တိုင်အလှူငွေ ထည့်ဝင်လှူနိုင် ကူနိုင်ရန်..(၃) အနုပညာရှင်များရဲ့ Fan များ အတူလှူချင်ရင် စုပေါင်းလှူနိုင်ရန်..(၄) လှူလို ကူလိုသော အနယ်နယ်အရပ်ရပ်မှ ပြည်သူများ ယုံကြည်စွာ လှူနိုင်ရန်.. (၅) ရရှိလာတဲ့ အလှူငွေများကို ပွင့်လင်းမြင်သာမှုရှိစွာ စီစဉ်ထားရှိပေးမှာ ဖြစ်သလို လတ်တလော လိုအပ်နေတာတွေကို ကူညီပေးဖို့ နှင့် နောင်ရေရှည်တွင် ဘာတွေဖြစ်လာနိုင်မလဲဆိုတဲ့အပေါ်မှာ လိုအပ်ရင် လိုအပ်သလို အရေးပေါ်ထုတ်သုံးနိုင်အောင် အလှူငွေများစုဆောင်းထားဖို့ရည်ရွယ်ပါတယ်” ဆိုပြီးဖော်ပြထားပါတယ်။

မောင်မောင်အေးကတော့ အနုပညာရှင်တွေအကုန်လုံးနဲ့လည်း ရင်းနှီးချစ်ခင်တာကြောင့် ဒီအစီအစဉ်လေးစလုပ်လိုက်စဉ်မှာပဲ မထင်မှတ်ထားလောက်အောင် ထည့်ဝင်လှူဒါန်းခဲ့ပါတယ်။ မနေ့က (၃၁.၄.၂၀၂၀)ညနေ လေးနာရီအထိ (၅)ရက်အတွင်းကောက်ခံရရှိငွေ (၃၅,၉၄၉,၅၀၀)ကျပ်အထိရရှိခဲ့ပြီဖြစ်ပါတယ် ပရိသတ်ကြီးရေ… ပရိသတ်ကြီးလည်း သာဓုအနုမောဒနာခေါ်ဆိုနိုင်ဖို့ လှူထားကြတဲ့အနုပညာရှင်များစာရင်းကို မျှဝေဖော်ပြလိုက်ပါတယ်နော်။


Source – Mg Mg Aye
Rainbow- Cele Gabar

x