ဆရာတော် အရှင်ဆေကိန္ဒရဲ့ ကျောင်းတိုက်မှာ ဘုရားပန်းကပ်ဖို့ လီလီပန်းတွေလှူဒါန်းခဲ့တဲ့ လွင်မိုး

ဦးလွင်မိုးကတော့ ပရိသတ်တွေရဲ့ အချစ်တော်အကယ်ဒမီဆုရ မင်းသားကြီးတစ်လက်ပဲဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်တွေတိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ သိုပေမဲ့ ဦးလွင်မိုးက အခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေနဲ့ အတူ လီလီပန်းစိုက်ပျိုးတဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုပါလုပ်ကိုင်နေပြီး စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ပါအောင်မြင်မှုတွေရရှိနေပါသေးတယ်။

ဒီနေ့မှာတော့ ဦးလွင်မိုးက ဆရာတော် အရှင် ဆေကိန္ဒရဲ့ ဓမ္မဒူတ ဆေကိန္ဒာရာမကျောင်းတိုက်မှာ ဘုရားပန်းကပ်လှူဖို့အတွက် သူကိုယ်တိုင် ဦးစီးဦးဆောင်ကာ စိုက်ပျိုးထားတဲ့ လီလီပန်းတွေကို လှူဒါန်းခဲ့ပါတယ်။ဦးလွင်မိုးကလည်း အခုလို ဘုရားပန်းလှူဒါန်းဖြစ်ခဲ့တဲ့အကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။

ပရိသတ်တွေကတော့ ဦးလွင်မိုးရဲ့ အခုလို မွန်မြတ်လှတဲ့ ဘုရားပန်းလှူဒါန်းမှုကို ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုနေခဲ့ကြပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ ဦးလွင်မိုးရဲ့ အလှူလေးအတွက်ကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။ ဦးလွင်မိုးလည်း စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ ဘာသာ သာသနာအကျိုး ဒီထက်မက သယ်ပိုးနိုင်တဲ့ သူတစ်ယောက်ဖြစ်ပါစေနော်။

Chilli – CeleGabar
Source – Thuyu Moe Oo

x