လေဖြတ်သွားတဲ့ ဦးမွန်ကြီးအတွက် ထောက်ပံ့လှူဒါန်းခဲ့ပြန်တဲ့ Lucky Seven မိသားစု

ဦးမွန်ကြီးကတော့ ယခင်ကခံစားခဲ့ရတဲ့ ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာခဲ့ပေမယ့် မတ်လ(၂၉)ရက်နေ့မှာ လေပြန်ဖြတ်သွားတာကြောင့် စကားလည်းကောင်းကောင်းမပြောနိုင်၊ လမ်းလဲမလျှောက်နိုင်တော့တာကြောင့် အရေးပေါ်ဆေးကုသမှုခံယူနေရတာလည်းဖြစ်ပါတယ်။Lucky Seven ရုပ်ရှင်ထုတ်လုပ်ရေးမှ ကိုအုန်းဝင်းနှင့် မအေးအေးဝင်းတို့မှ ဦးမွန်ကြီးသတင်းကြားကြားချင်းသွားရောက် ဆေးဖိုးထောက်ပံ့ခဲ့တာလည်းဖြစ်ပါတယ်။

မအေးအေးဝင်းတို့ဇနီးမောင်နှံမှ ဆေးဖိုးတွေလာရောက်လှူဒါန်းခဲ့တဲ့အကြောင်းကိုတော့ “Lucky Seven ကိုအုန်းဝင်းမှ ကိုမွန်ကြီး အတွက် ဆေးဖိုးကို သိသိချင်း လာရောက် လှူတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် Ohn Win Aye Aye win အလှူများ ဆက်တိုက်လှူဒါန်းနေသည့် အတွက်လည်း ကျန်းမာရေး နှင့် စီးပွားရေးများ ပိုမို တိုးတက် ကောင်းမွန် အောင်မြင်ပါစေ” လို့ ဦးမွန်ကြီးရဲ့ ဇနီးဖြစ်သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ ပရိသတ်တွေကို ပျော်ရွှင်ရယ်မောအောင် သရုပ်ဆောင်တတ်တဲ့ ဟာသသရုပ်ဆောင် ဦးမွန်ကြီးကတော့ အနုပညာလောကမှာ နာမည်တစ်ခုရရှိထားပြီဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ထဲမှာတော့ ရုတ်တရက် ဦးနှောက်သွေးကြောပေါက်သွားကာ ရန်ကုန်ဆေးရုံကြီးကိုအရေးပေါ်တက်ခဲ့ရပါသေးတယ်။

CeleGabar ပရိသတ်ကြီးရေ ပရိသတ်တွေအချစ်တော် ဇာတ်ပို့ဟာသသရုပ်ဆောင်ဦးမွန်ကြီးကတော့ ယခင်ကခံစားခဲ့ရတဲ့ အာရုံကြောအားနည်းတဲ့ ရောဂါဝေဒနာ တွေပြန်လည်ကောင်းမွန်လာခဲ့ပေမယ့် မတ်(၂၉)ရက်နေ့မှာတော့ လေပြန်ဖြတ်သွားလို့ အရေးပေါ် ဆေးကုသမှုခံနေရပါတယ်တဲ့နော်။

Source: Moe Thida Pearl
DarDar-CeleGabar

x