ရုပ်ရှင်စက်အဖွဲ့သားတွေအတွက် (၃)သိန်းကျပ်တိတိလှူဒါန်းခဲ့တဲ့ ရွှေမောင်နှံ

Cele Gabar ပရိသတ်ကြီးရေ အရိုတစ်လိုင်း စုံတွဲအဖြစ် ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ ရွှေစုံတွဲဖြစ်တဲ့ ရွှေထူးနဲ့ရွှေမှုံရတီတို့ကတော့ လူတိုင်းအားကျရတဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားကြတဲ့ ဆယ်လီ ဇနီးမောင်နှံပဲဖြစ်ပါတယ် ။ တစ်ယောက် ကိုတစ်ယောက် အရမ်းချစ်ပြီး အမြဲလိုလို Surprise တွေလုပ်ပြီး ရိုနေကြတဲ့ ရွှေစုံတွဲကတော့ အလှူအတန်းမှာလည်း လက်မနှေးတတ်တဲ့ သူတွေပါ ။

ရွှေထူးကတော့ မကြာသေးမီကမှ မိခင်ဖြစ်သူရဲ့ အသက် (၅၃) နှစ်ပြည့်မွေးနေ့အတွက် ဆိုက်ကားဆရာ နဲ့ ကားသမားများကို တတ်နိုင်သလောက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ် ။ လတ်တလောမှာတော့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ နှစ်ယောက်ပေါင်း အလှူလေးအဖြစ် ရုပ်ရှင်စက်မှုလုပ်သားတွေ အတွက် အလှူငွေ (၃) သိန်းကျပ်တိတိလှူဒါန်းခဲ့တယ်လို့သိရှိရပါတယ် ။ ရွှေစုံတွဲရဲ့ ချစ်ပရိသတ်တွေကတော့ အခုလို လှူဒါန်းမှုလေးကြောင့် ဆုမွန်ကောင်းလေးတွေ တောင်းပေးနေကြတာတွေ့ရပါတယ် ။

အခုလို အားလုံး ကြပ်တည်းခက်ခဲနေချိန်မှာ မိမိတတ်နိုင်သလောက်လေးနဲ့ လိုအပ်နေသူတွေကို ဖြည့်ဆည်းခွင့်ရတာလည်း တကယ်ကို ထူးတဲ့ကုသိုလ်ပါပဲ ပရိသတ်ကြီးရေ ..။ စက်မှုလုပ်သားတွေအတွက် လှူဒါန်းပေးခဲ့တဲ့ ရွှေစုံတွဲအတွက် Cele gabarပရိသတ်ကြီးကလည်း သာဓုခေါ်ပေးကြပါဦးနော် ။

Source : Shwe Htoo
Emily (Cele Gabar)

x