Covid-19 အတွက်ဝေကြီးကိုယ်တိုင်ရေးစပ်ထားတဲ့ အိမ်ထဲမှာ ဆိုတဲ့သီချင်းသစ်လေး

Cele Gabar ပရိသတ်ကြီးရေ ပရိသတ်တွေကို တေးရေး တေးဆို ဝေကြီးကတော့ အသည်းကွဲသီချင်းတွေနဲ့ ပရိသတ်တွေကို အမြဲအသည်းခွဲနေတဲ့ အနုပညာရှင်လို့တောင်ဆိုရမှာပါ ။ သူရေးသား သီကုံးပေးခဲ့တဲ့ သီချင်းတိုင်းဟာ ပရိသတ်တွေကြားမှာ အမြဲလိုလို ရေပန်းစားအောင်မြင်ခဲ့တာပါ ။ ဆေး ၊ အသည်းကွဲအထိမ်းအမှတ် ၊ လိုင်းပေါ်မတင်ပါနဲ့ အစရှိတဲ့သီချင်းတွေဟာ ပရိသတ်တွေ တခဲနက်အားပေးခဲ့ရတဲ့ဝေကြီးရဲ့ အမိုက်စားသီချင်းတွေပဲဖြစ်ပါတယ် ။

လတ်တလော Covid-19 ကာကွယ်ရေးအတွက် ပရိသတ်တွေ နဲ့အတူ အနုပညာရှင်တွေက ပါ တတ်စွမ်းသမျှပါဝင်ကူညီနေကြတဲ့ထဲမှာ ဝေကြီးလည်း ပါဝင်လာခဲ့ပြီဖြစ်ပါတယ် ။ Covid-19 နဲ့ပတ်သက်ပြီး ဝေကြီးက အိမ်ထဲမှာ ဆိုတဲ့သီချင်းအသစ်လေးကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ သီချင်းလေးက ချစ်စရာကောင်းတဲ့ သီချင်းလေးဖြစ်ပြီး ဂစ်တာလေးနဲ့ပဲ ပေါ့ပေ့ါပါးပါးဆိုထားတဲ့အတွက် ပရိသတ်ကြီးလည်း လိုက်ဆိုလို့ရပါတယ်လို့ ဝေကြီးက သူ့ရဲ့ဖေ့ဘုတ်စ်စာမျက်နှာထက်ကနေ ပရိသတ်တွေကို အသိပေးခဲ့တာပါ ။

ဒီသီချင်းကို ပရိသတ်တွေအတွက် ဝေကြီးက အမြည်းလေးတင်ပေးထားတာဖြစ်ပြီး ဒီနေ့ည ဧပြီလ (၁) ရက်နေ့မှာ Official သီချင်းကိုတင်မှာဖြစ်တယ်လို့သိရပါတယ် ။ Cele Gabar ပရိသတ်ကြီးအတွက် ဝေကြီးရဲ့ ချစ်စရာကောင်းတဲ့ အိမ်ထဲမှာ ဆိုတဲ့ သီချင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော် ။

Source : Nyein Chan Thaw
Emily (Cele Gabar )

x