ဧပြီလအစမှာ ထီဆုကြီးဆွတ်ခူးသွားခဲ့တဲ့ မေကဗျာ

Cele Gabar ပရိသတ်ကြီးရေ အသားညိုညိုလေးနဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး မေကဗျာကို အားလုံးချစ်ကြမယ်ထင်ပါတယ်နော် ။ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ သရုပ်ဆောင်ခဲ့သလို နှင်းဆီအငြိမ့်အဖွဲ့မှာလည်း ပင်တိုင်မင်းသမီးလေး တစ်လက်ပါ ။ စင်ဂယ်မားသားအဖြစ်နဲ့ သမီးလေးကို ပြုစုပျိုးထောင်ပေးနေတဲ့ မေကဗျာကတော့ အပျိုရှုံးလောက်အောင် လှပနေဆဲပါပဲ ပရိသတ်ကြီးရေ ..။

မေကဗျာကတော့ အနုပညာအလုပ်အပြင် ဘာသာရေးလည်း လိုက်စားသလိုအလှူအတန်းတွေမှာလက်မနှေးတတ်တဲ့ မင်းသမီးလေးပါ.။ ဒီနှစ် ဧပြီလအစကတော့ မေကဗျာအတွက် ကံကောင်းခြင်းတွေ သယ်ဆောင်လာတဲ့ လလို့ဆိုရမှာပါ ။ ” ညက အိပ်မက် မက်လို့ မနက်ကနဂါးစာကျွေးနို့ဆွမ်းကပ်ပီးသကာလApril မွေးလလေးမှာကံကောင်းခြင်းနဲ့စတင်ပါပြီ ” ဆိုတဲ့စာသားလေးနဲ့အတူ အိပ်မက်လည်း ကောင်း ကံတွေလည်းကောင်းနေတဲ့ ကဗျာတစ်ယောက် ထီပေါက်တဲ့အကြောင်း ပရိသတ်တွေကို မျှဝေပေးလာခဲ့တာဖြစ်ပါတယ် ။

ထီဆုကတော့ (၅) သောင်းဆုဖြစ်ပြီး ပမာဏနည်းပေမယ့် ကဗျာ့အတွက် ပရိသတ်တွေအားလုံးက ထပ်တူထပ်မျှဝမ်းသာပေးနေကြတာပဲဖြစ်ပါတယ် ။ နောက်ထပ်လည်း ဒီထက် မက ပမာဏများတဲ့ထီဆုကြီးကို ဆွတ်ခူးနိုင်ပါစေလို့ Cele Gabar မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : May Kabyar
Emily (Cele Gabar)

x