တိမ်ဖြူဖြူကောင်းကင်ယံ အောက်က သတို့သမီးလေးအဖြစ်မြင်တွေ့ရတော့မယ့် ဟန်တီ

ဟန်တီကတော့ ပရိသတ်တွေကြားမှာ တစ်စထက်တစ်စ နာမည်ကြီးလာတဲ့ မော်ဒယ်လ်မင်းသမီးချောလေးပဲဖြစ်ပါတယ် ။ Miss ပြိုင်ပွဲတွေပြိုင်ရင်း လူသိများလာတဲ့ ဟန်တီဟာ Miss Face of Myanmar ဆု ၊ Miss Supernational (2014) ဆုတွေကိုလည်း ရရှိပိုင်ဆိုင်ထားသူလေးပါ ။ အသက်အရွယ်အားဖြင့် ငယ်ရွယ်သေးပေမယ့် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင် ကြိုးစားနေတဲ့ ဟန်တီလေးကို ပရိသတ်တွေက အမြဲချစ်ခင်အားပေးနေကြတယ်ဆိုတာတော့ ငြင်းလို့မရပါဘူးနော် ။

လတ်တလောမှာတော့ ဟန်တီတစ်ယောက် သူမရဲ့ ဖေ့ဘုတ်စ် စာမျက်နှာထက်ကနေPre-Wedding Photo တွေတော့ ရိုက်ပြီးပြီ~ မကြာမီလာမည်မျှော် ဆိုတဲ့စာသားလေးနဲ့အတူ ပရိသတ်တွေကို Surprise လုပ်လာခဲ့ပါတယ် ။ ပရိသတ်တွေက သူမ April Fool လုပ်နေမှန်းသိလို့ သိပ်မအံ့သြကြပေမယ့် အံ့သြစရာကောင်းတာကတော့ ညပြာပြာရဲ့ ဟိုးတစ်ဖက် တိမ်ဖြူဖြူကောင်းကင်ယံထဲက ချောမောလှပတဲ့နတ်သမီးလေးတစ်ပါး လို လှပလွန်းတဲ့ အဖြူရောင် ဂါဝန်ရှည်နဲ့ ပုံရိပ်လေးတွေကို ဓာတ်ပုံဆရာ ခန့်မင်းထင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပရိသတ်တွေကိုမျှဝေပေးလာခဲ့တာပဲဖြစ်ပါတယ် ။

တကယ်တော့ Pre-Wedding ရိုက်တာမဟုတ်ဘဲ ဓာတ်ပုံဆရာ ခန့်မင်းထင်ရဲ့ လတ်တလော မငြိမ်သက်နေတဲ့ အခြေအနေတွေကြောင့် စိတ်ညစ်ညူးနေကြတဲ့ social Media က ပရိသတ်တွေအတွက်ဖန်တီးမှုတစ်ခုသာဖြစ်ပါတယ် ။ လိပ်ပြာကလေးကအစ မြူခိုးတွေက အဆုံးကိုယ်ပိုင်ပဲ ဖန်တီးထားတာ ဖြစ်ပြီး ပရိသတ်ကြီး ပုံလေးတွေ ကြည့်ပြီး ရင်ထဲ အေးချမ်းကြည်နူးရင် ကြိုးစားရကျိုးနပ်ပါပြီလို့ ဓာတ်ပုံဆရာ ခန့်မင်းထင်က ရေးသားမျှဝေပေးခဲ့တာဖြစ်ပါတယ် ။

Source : Khant Min Htin
Emily (Cele Gabar)

x