Covid-19 အတွက်အလှူအတန်းပြုလုပ်ပေးချင်တယ်ဆိုတဲ့ သိန်းတစ်သောင်းခွဲဆုရှင် အဘွား ဒေါ်စန်းစန်းမြင့်

Cele Gabar ပရိသတ်ကြီးရေ .. လတစ်လရဲ့ ပထမဆုံးရက်တွေတိုင်းဟာ မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေအတွက် စိတ်လှုပ်ရှားရတဲ့နေ့ရက်ပဲဖြစ်ပါတယ် ။ ဘဝတစ်ခုလုံးကို ပြောင်းလဲသွားစေမယ့် သိန်းထီဆုကြီးတွေ ဖွင့်တဲ့ရက်ဖြစ်ပြီး အနယ်နယ်အရပ်ရပ်က ငွေကြေးချို့တဲ့သူတွေပဲ  ထီပေါက်သွားတဲ့အခါတိုင်း ပြည်သူတိုင်းက မိသားစုနဲ့ထပ်တူ ကြည်နူးဝမ်းသာကြရတဲ့နေ့လို့လည်း ဆိုရမှာပါ ။ ဒီတစ်ခါမှာတော့ ဧပြီလအတွက်သိန်း တစ်သောင်းဆုကြီးကို ဆွတ်ခူးသွားသူက တာမွေမြို့နယ်မှာနေထိုင်တဲ့ အဘွားဒေါ်စန်းစန်းဖြစ်ပါတယ် ။

အဘွားမှာ ဆွေမျိုးရင်းတွေလိုချစ်ခင်ရတဲ့ အသက်(၉၀) နားနီးနေပြီဖြစ်တဲ့ အသက် (၈၀) ကျော်အဘွားနှစ်ယောက်ဆီသွားတဲ့အခါတိုင်း အစားအသောက်ကစပြီး တခြား လိုတာလေးတွေ အမြဲသွားလှူလေ့ရှိတယ်လို့သိရပါတယ် ။ အဲဒီလို သွားလှူပြီး ပြန်လာတဲ့အခါတိုင်း ထီဆိုင်မှာ အမြဲတမ်းထီဝင်ထိုးလေ့ရှိပြီး တစ်ခါတစ်လေဆို Texi အငှားယာဉ် တောင်မစီးဘဲ တက်စီစီးမယ့် ပိုက်ဆံကို ထီထိုးပြီးလိုင်းကားစီးပြီး အိမ်ပြန်လာလေ့ရှိတယ်လို့လည်း သိရပါတယ် ။ အဘွားဒေါ်စန်းစန်းမြင့်ကတော့ အသက် (၇၃) (၇၄) ဝန်းကျင်ရှိနေပြီဖြစ်ပြီး ဘုရားတရားလည်း အမြဲတမ်းလုပ်ဖြစ်သလို ဘာသာရေးလုပ်တိုင်းမှာလည်း မိသားစုမှာ စိတ်ထားဖြူစင်ပြီး အကုသိုလ်ကင်းပါစေ အခက်ခဲရှိသူတွေကို ဒီဘဝမှာပင် ကူညီနိုင်တဲ့သူ ဖြစ်ရပါစေလို့ အမြဲဆုတောင်းလေ့ရှိပါတယ်တဲ့ ။ ထီပေါက်တာကိုသိရတဲ့အချိန်မှာ ဝမ်းသာပေမယ့် ဘာမှမမြဲတဲ့ လောကကြီးမို့ မခံမရပ်နိုင်အောင် ဝမ်းသာပျော်ရွှင်တာမျိုးတော့ မရှိပါဘူးလို့ အဘွား ဒေါ်စန်းစန်းမြင့်က ဆိုပါတယ် ။

သိန်း တစ်သောင်းခွဲမှာ အစွန်းထွက် သိန်းငါးထောင်ကိုတော့ သားဖြစ်သူအတွက် အရင်းနှီးထုတ်ပေးမှာဖြစ်ပြီး ကျန်တာလေးကိုတော့ မိသားစုအေးအေးဆေးဆေး စားသောက်ပြီး လစဉ်လှူချင်တဲ့ဆန္ဒလေးလည်း အဘွားမှာရှိနေပါတယ် ။ ကိုယ်တိုင်ကလည်း အသက်ရှူမဝတဲ့ ရောဂါရှိတဲ့အတွက် Covid-19 ရောဂါလက္ခဏာကလည်း အသက်ရှူမဝတာနဲ့ဆိုင်တဲ့ရောဂါဖြစ်လို့ ကိုယ်ချင်းစာစိတ်အပြည့်နဲ့ အဲ့ဒီအတွက်လှူဒါန်းသွားဖို့စုံစမ်းနေတယ်လို့သိရပါတယ် ။ အဘွားတစ်ယောက် အသက်ရှည်ကျန်းမာပြီး အခက်ခဲရှိသူတိုင်းကို အမြဲကူညီလှူဒါန်းနိုင်တဲ့ သူတစ်ယောက်ဖြစ်ပါစေလို့ Cele Gabar ကလည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ။

Source : Exclusive On Cele Gabar
Emily (Cele Gabar)

x