မြန်မာဆန်တဲ့အမျိုးသမီးဆိုတာ ခေတ်နောက်ကျတဲ့အမျိုးသမီးလို့ မဆိုလိုပါဘူးဆိုတဲ့ နေခြည်ရွှန်းလက်

အရပ်ရှည်ရှည်နဲ့ ကျော့ရှင်းလှပပြီး ချစ်စရာကောင်းတဲ့မင်းသမီးချောလေး နေခြည်ရွှန်းလက်ကိုတော့ ပရိသတ်တွေသိကြမှာပါ။ MRTV-4 ဇာတ်လမ်းတွေနဲ့အတူ ပရိသတ်ရင်ထဲရောက်လာခဲ့သူလေးလည်း ဖြစ်ပါတယ်။ အခုအချိန်မှာတော့ အနုပညာလောကမှာ နေရာရလာခဲ့ပြီဖြစ်ပြီး ပရိသတ်အင်အားကလည်းမသေးလှပါဘူး။


ဒီနေ့မှာတော့ နေခြည်ရွှန်းလက်က အမျိုးသမီးတွေနဲ့ပတ်သက်တဲ့သူရဲ့ထင်မြင်ချက်လေးကို”မြန်မာဆန်တဲ့အမျိုးသမီးဆိုတာ. ခေတ်နောက်ကျတဲ့အမျိုးသမီးလို့ မဆိုလိုပါဘူး..” လို့ရေးသားထားပြီး မြန်မာဆန်ဆန်အလှပုံရိပ်လေးတွေကိုလည်း တင်ပေးထားခဲ့တာပါ။ အချိန်ကာလတွေရွေ့လျောလာတာကြောင့် လူတွေရဲ့ဝတ်စားဆင်ယင်ပုံကလည်းတော်တော်လေးကို ပြောင်းလဲလာတာပါ။ မြန်မာလူငယ်တွေကြားမှာလည်း အနောက်တိုင်းယဉ်ကျေးမှုကထိုးဖောက်ဝင်ရောက်လို့နေပါပြီ။


ဒါပေမဲ့လည်း မြန်မာဆန်တယ်မြန်မာ့ရိုးရာအစဉ်အလာကိုထိန်းသိမ်းတယ်ဆိုတာကတော့ ကောင်းတဲ့ကိစ္စဖြစ်ပြီး ဒီလိုမြန်မာဆန်တဲ့အမျိုးသမီးတွေကိုတော့ ခေတ်နောက်ကျတယ်လို့ မသတ်မှတ်နိုင်ပါဘူး။ဒါကြောင့်လည်း မြန်မာဆန်တာနဲ့ ခေတ်နောက်ကျတာကို နေခြည်ရွှန်းလက်ကတော့ ခွဲခြားပြောပြလိုက်ပါပြီနော်…
Source: NayChiShoonLak

x