အရိပ်ဇာတ်လမ်းတွဲထဲက ရိုက်ကွင်းအမှတ်တရတွေကို ပြန်လည်မျှဝေလိုက်ပြန်တဲ့ မေမြင့်မိုရ်

MRTV-4 ရုပ်သံဇာတ်လမ်းတွဲရဲ့မင်းသမီးတွေထဲမှာတော့ မေမြင့်မိုရ်ကလည်း ပရိသတ်တွေဝက်ဝက်ကွဲအားပေးမှုကို ရရှိထားသူတစ်ဦးပါ။ မေမြင့်မိုရ်ကိုတော့ ပန်းနုသွေးအဖြစ်နဲ့ ပရိသတ်တွေရင်ထဲမှာစွဲထင်ခဲ့ဘူးပါတယ်။ ဒါ့အပြင် အရိပ်ဇာတ်လမ်းတွဲထဲက စုစုလှိုင်အဖြစ်နဲ့လည်း ပရိသတ်တွေ မှတ်မှတ်ထင်ထင်ရှိကြမှာပါ။


အခုရက်ပိုင်းမှာတော့ အရိပ်ဇာတ်လမ်းတွဲကို MRTV-4 ကနေပြီး ဒုတိယအကြိမ်ပြန်လည် ထုတ်လွှင့်ပြသနေတာပါ။ ဒီဇာတ်လမ်းကတော့ ဆရာမကြီးမစန္ဒာရဲ့ဝတ္ထုကိုပြန်လည်ရိုက်ကူးထားတာကြောင့် ဇာတ်လမ်းဇာတ်အိမ်ကတော့ ပြောစရာမလိုအောင်ကောင်းမွန်တာပါ။ မေမြင့်မိုရ်ကတော့ ဒီနေ့မှာပြသသွားတဲ့ ဇာတ်ဝင်ခန်းနောက်ကွယ်က အမှတ်တရပုံရိပ်တွေကို ပရိသတ်ကို ပြန်လည်မျှဝေခဲ့တာပါ။


ဇာတ်လမ်းထဲမှာအတူတူရိုက်ကူးခဲ့တဲ့ သူတွေနဲ့ပုံရိပ်ကိုမျှဝေခဲ့သလို ဇာတ်ဝင်ခန်းအရ ရေတွေရွှဲရွှဲစိုခဲ့ရတဲ့ပုံရိပ်လေးတွေကိုလည်း “ရေစိုကြွက်စုတ်လေးအဖြစ် အမှတ်တရတချို့” ဆိုပြီးတော့ ရေးသားခဲ့တာပါ။ ဒီဇာတ်ကားထဲမှာလည်း မိသားစုရဲ့နွေးထွေးကြင်နာမှုကိုမရတဲ့ဆယ်ကျော်သက်ကောင်မလေးစုစုလှိုင်အဖြစ်နဲ့ မေမြင့်မိုရ်ရဲ့သရုပ်ဆောင်ချက်တွေဟာ ပီပြင်ခဲ့ပါတယ်။ ဇာတ်ကားလေးကို ကြည့်ဖြစ်လိုက်တဲ့သူတွေရှိလားနော်…
Source : May Myint Mo

x