ပရိသတ်တွေ အိပ်မက်လှလှမက်စေဖို့ သီချင်းဆိုပြပြီးချော့သိပ်ခဲ့တဲ့ စိုင်းစိုင်း

ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော်သရုပ်ဆောင် မင်းသားချော စိုင်းစိုင်းခမ်းလှိုင်က မနေ့က ဧပြီလ (၁)ရက်နေ့ ညကတော့ ပရိသတ်တွေ အိပ်မက်လှလှမက်စေဖို့ ရည်ရွယ်ချက်နဲ့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ သီချင်းလေးသီဆိုပြီး ချော့သိပ်ခဲ့ပါတယ်။စိုင်းစိုင်းသီဆိုခဲ့တဲ့ သီချင်းလေးကတော့ နာမည်ကြီး အဆိုတော် Eric Claption ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ Wonderful Tonight သီချင်းလေးပဲဖြစ်ပါတယ်။

ဒီသီချင်းလေးကို စိုင်းစိုင်းက Version ပြောင်းကာ Cover Song အနေနဲ့ ပြန်လည်သီဆိုခဲ့ပြီး ပရိသတ်တွေအတွက်အိပ်မက်လှလှမက်စေဖို့ကို “ကျွန်တော်ပရိသတ်တွေ အိပ်မက်လှလှမက်ပါစေ ဂွတ်ည”လို့ ဆိုကာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ မနေ့ညက တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။စိုင်းစိုင်းရဲ့ ပရိသတ်တွေကို သီချင်းလေးကို နားထောင်ပြီး သဘောကျနှစ်သက်နေခဲ့ကြပါသေးတယ်။

စိုင်းစိုင်းခမ်းလှိုင်ရဲ့ Wonderful Tonight သီချင်းလေးကို Cover ပြန်ဆိုကာ ပရိသတ်တွေကို ချော့သိပ်ခဲ့တဲ့ ဒီဗီဒီယိုလေးကတော့ လက်ရှိအချိန်မှာ ကြည့်ရှုသူ သောင်းချီနေခဲ့ပါပြီ။ CeleGabar ပရိသတ်ကြီးတွေရော စိုင်းစိုင်းရဲ့ ပရိသတ်တွေကို ချော့သိပ်ခဲ့တဲ့ ဒီဗီဒီယိုဖိုင်လေးကို ကြည့်ရှုပြီးကြပြီလား မကြည့်ရှုရသေးတဲ့ သူတွေလည်း ကြည့်ရှုလို့ ရအောင်မျှဝေဖော်ပြပေးလိုက်ပါတယ်။

Chilli – CeleGabar
Source – Sai Sai Kham Leng

x