ရေနံချောင်းမြို့က Quarantine ဝင်မယ့်သူတွေအတွက် သူ့ရဲ့ရုပ်ရှင်ခြံကိုအသုံးပြုခွင့်ပေးလိုက်တဲ့ နေထူးနိုင်

နေထူးနိုင်ကတော့ ဗွီဒီယိုလောကမှာ အောင်မြင်နေတဲ့ မင်းသားတစ်လက်ပါ။ သူများနဲ့မတူ ကွဲထွက်တဲ့အိုင်ဒီယာတွေနဲ့ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး အခုဆိုရင်တော့ ပရိသတ်ရဲ့အသိမှတ်ပြုအားပေးမှု အခိုင်အမာရရှိနေပြီဖြစ်ပါတယ်။ ဗွီဒီယိုခေတ်ပျက်ပြီးနောက်ပိုင်းမှာလည်း ဗွီဒီယိုလောကပြန်လည်ဦးမော့လာစေရေးအတွက် လုပ်ဆောင်ချက်တွေဆက်တိုက်ပြုလုပ်ခဲ့သူပါ။ သူကတော့ သူ့ရဲ့ဗွီဒီယိုဇာတ်ကားတွေကို ရေနံချောင်း၊ချောက်မြို့တို့မှာ အများဆုံးရိုက်ကူးလေ့ရှိပြီး ရေနံချောင်းမှာ သူပိုင်ဆိုင်တဲ့(၁၂)ဧက ကျယ်ဝန်းတဲ့ရုပ်ရှင်ခြံတစ်ခုလည်း ရှိပါတယ်။

ရေနံချောင်းသားတစ်ယောက်ဖြစ်တဲ့နေထူးနိုင်ကတော့ ဒီနေ့မှာ ရေနံချောင်းမြို့က Quarantine ဝင်မယ့်လူတွေအတွက် သူ့ရဲ့ရုပ်ရှင်ခြံကို အသုံးပြုခွင့်ပေးကြောင်းမျှဝေခဲ့ပါတယ်။ အခုချိန်မှာဆိုရင်တော့ တဖြည်းဖြည်းများလာတဲ့ပြည်တော်ပြန်တွေကြောင့် ရေနံချောင်းမြို့အတွက် မူလပထမစီစဉ်ထားတဲ့ Quarantine နေရာတွေလုံလောက်မှုမရှိတော့ပါဘူး။ နေထူးနိုင်ရဲ့ရုပ်ရှင်ခြံကတော့ (၁၂)ဧကကျယ်ဝန်းတဲ့အပြင် လတ်တလောလူ(၁၀)ဦးနေနိုင်တဲ့ တဲ(၂)လုံး၊ ရေအလုံအလောက်ရရှိခြင်း၊ လိုအပ်သလိုလည်း ထပ်မံတိုးချဲ့နိုင်တဲ့မြေနေရာရှိခြင်း၊ မြို့အဝင်လမ်းမပေါ်မှာလည်းရှိခြင်း စတာတွေကြောင့် Quarantine ဝင်မယ့်သူတွေအတွက် အသင့်တော်ဆုံးဖြစ်နေတယ်ဆိုရင်လည်း မမှားပါဘူး။ အဖိုးတန်တဲ့အလှူလေးကို လုပ်ပေးခဲ့တာကြောင့် ဒေသခံတွေကလည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

ပရိသတ်ကြီးရေ… နေထူးနိုင်ကတော့ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ရေးလုပ်ငန်းစဉ်တွေစတင်နေကတည်းက တစ်ထောင့်တစ်နေရာကနေ ပါဝင်နေခဲ့သူပါ။ မနေ့ကလည်း အိမ်ထောင်စု(၁၀)စုစာအတွက် ဆန်(၁၀) ပြည်နဲ့ ဆီ(၁)ပိဿာဘူးတွေ လှူဒါန်းပေးခဲ့ပါသေးတယ်။ ရပ်ရွာအကျိုးကိုသယ်ပိုးပြီး ရုပ်ရှင်ခြံကို Quarantine လူနာတွေအတွက် အသုံးပြုခွင့်ပေးခဲ့တဲ့ နေထူးနိုင်ရဲ့အလှူလေးကို သာဓုခေါ်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်နော်။


Source – Nay Htoo Naing
Rainbow- Cele Gabar

x