ပြေတီဦးနဲ့ တကွ ပရိသတ်တွေအားလုံးကိုပါ Challenge ခေါ်လိုက်တဲ့ ညိုမင်းလွင်

လတ်တလောဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ကမ္ဘာတစ်ဝှမ်းလုံးမှာ ရောဂါပိုးကိုထိန်းချုပ်ကန့်သတ်နိုင်ဖို့ တတ်နိုင်သလောက်အိမ်မှာနေကြဖို့ တိုက်တွန်းထားပါတယ်။ အလုပ်တွေတော်တော်များများရပ်နားလိုက်ကြပြီး အိမ်မှာနေရင်းပဲ ပျော်စရာတွေရှာဖွေနေရတဲ့အချိန်လည်းဖြစ်ပါတယ်။ ပြည်သူတွေရဲ့စံပြဖြစ်တဲ့အနုပညာရှင်တွေကတော့ သူတို့ကိုယ်တိုင်လည်းအိမ်မှာနေပြသလို ပရိသတ်တွေရဲ့စိုးရိမ်စိတ်ကို အနည်းငယ်လောက်သက်သာစေလိုငြား လူမှုကွန်ရက်ကနေပဲ အမျိုးမျိုးသောဖျော်ဖြေတင်ဆက်မှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ်။

Facebook Live လွှင့်ပြီးစကားပြောပေးတာတွေ၊ သီချင်းဆိုပြတာတွေ၊ Rap Challenge တွေ၊ Tik Tok Challenge တွေအပြင် အိမ်မှာနေရင်းကုသိုလ်ရဖို့ တရားဘာဝနာပွားများတဲ့ Challenge တွေပါ ပြုလုပ်လာကြပါတယ်။ ဒီနေ့မှာတော့ သရုပ်ဆောင်ဒါရိုက်တာတစ်ယောက်ဖြစ်သူ ညိုမင်းလွင်က ပြေတီဦးနဲ့တကွ အားလုံးကို အရိုးရှင်းဆုံးနဲ့အလွယ်ကူဆုံး Challenge လေးတစ်ခုကိုလုပ်ဖို့ စိန်ခေါ်လိုက်ပါတယ်။ အဲ့ဒါကတော့ ” ကကြီးကနေ အ အထိ လူတိုင်းရပါတယ်။ အ ကနေ ကကြီးအထိ ပြောင်းပြန်အလွတ်ဆိုကြည့်ပါ။ မစဉ်းစားကြေး၊မထစ်ကြေးပေါ့၊ သတ္တိရှိရင် ဒါကိုဖတ်ပြီးပြီးချင်း Video ရိုက်ပြီးကွန်မန့်ပေးခဲ့ပါ။ ပြန်သွားမကျက်ပဲ အရှည်ဆုံးဆိုပြနိုင်တဲ့သူ အနိုင်ပေ့ါလေ၊ နိုင်တဲ့လူကို Stay Home ကာလမှာဖတ်ဖို့ စာအုပ်တွေလက်ဆောင်ပေးပါမယ်” ဆိုပြီးရေးသားကာ စိန်ခေါ်လိုက်ပါတယ် ပရိသတ်ကြီးရေ…

ညိုမင်းလွင်က သူကိုယ်တိုင်သီဆိုကြည့်တာတော့ အထစ်အငေါ့မရှိ (၁၂)လုံးလောက်အထိပဲ ရပါတယ်တဲ့နော်။ ဒီ Challenge လေးကလွယ်မယောင်နဲ့ တကယ်ခက်တဲ့ Challenge လေးမို့ သူ့ရဲ့ Challenge ကိုပြေတီဦးလက်ခံမလားဆိုတာတော့ စောင့်မျှော်လိုက်ကြပါဦးနော်။ စိတ်ဝင်စားတဲ့ပရိသတ်ကြီးလည်း ဒီ Challenge ကိုလိုက်လုပ်ရင်းအနိုင်ရရင်တော့ စာအုပ်တွေလက်ဆောင်ရမှာမို့ စိန်ခေါ်မှုကိုကြိုက်တဲ့ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။


Source – Nyo Min Lwin
Rainbow- Cele Gabar

x