ဖခင်ဖြစ်သူအနားယူနေချိန်မှာ ဂစ်တာတီးပြီးဖျော်ဖြေပေးနေတဲ့ စံထိပ်ထားဦး

ထိပ်ထားဦးကတော့ ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးကြီး ခိုင်သင်းကြည်ရဲ့ သမီးချောလေးပဲဖြစ်ပါတယ်။ချစ်စရာကောင်းလှပြီး လိမ္မာရေးခြားရှိလှတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ စံထိပ်ထားဦးကိုယ်တိုင်ကလည်း (၂၀၁၉) မှာကျင်းပပြုလုပ်ခဲ့တဲ့ အကယ်ဒမီပေးပွဲမှာရွေကြိုတစ်ယောက်အနေနဲ့ပါဝင်ဆောင်ရွက်ခဲ့ပါသေးတယ်။

လတ်တလောမှာတော့ စံထိပ်ထားဦးက Covid-19 ကြောင့် တတ်နိုင်သမျှအပြင်မထွက်ဘဲ နေဖို့ တားမြစ်ထားချိန်မှာ ဖခင်ဖြစ်သူကို အပျင်းပြေအောင်ဂစ်တာလေးတီးပြီးဖျော်ဖြေပေးခဲ့ပါတယ်။အခုလို ဖခင်ဖြစ်သူကို ဂစ်တာလေးတီးပြီးဖျော်ဖြေပေးခဲ့တဲ့ အကြောင်းကိုတော့ စံထိပ်ထားဦးရဲ့ ဖခင်ဖြစ်သူက “Relaxing Time သမီးလေးက ဂစ်တာလေးနဲ့ ဖေဖေ့ကို ဖျော်ဖြေ “ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ဖခင်ဖြစ်သူ အနားယူနေချိန်မှာ အလိုက်တသိနဲ့ ဖျော်ဖြေပေးနေတဲ့ စံထိပ်ထားဦးရဲ့ လိမ္မာရေးခြားရှိမှုကို ချီးကျူးနေကြပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ စံထိပ်ထားဦးကတော့ လိမ္မာရေးခြားရှိတဲ့ အပြင် မိဘတွေအပေါ်မှာ အလိုက်သိတတ်တဲ့သမီးလိမ္မာလေးတစ်ယောက်ပါပဲနော်။

Chilli – CeleGabar
Source – Khant Naing

x