COVID-19 နဲ့ပတ်သက်ပြီး Rap သီချင်းဆိုကာ ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ မင်းသားချော ထက်အောင်ရှိုင်း

ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်လာခဲ့တဲ့ ရုပ်ရှင်မင်းသားချော ထက်အောင်ရှိုင်း ကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေပြီလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ မြန်မာနိုင်ငံ Rapper တွေကြား COVID-19 ရောဂါပိုးနဲ့ပတ်သက်တဲ့ Rapသီချင်းစပ်ဆိုတဲ့ Challenge တစ်ခု ခေတ်စားနေတာဖြစ်ပြီး

ထက်အောင်ရှိုင်းကတော့ ဝါသနာအခံရှိသူမို့ COVID-19ရောဂါပိုးနဲ့ပတ်သက်ပြီး ပညာပေးတဲ့သဘောနဲ့ သီချင်းစပ်ကာ သီဆိုထားတဲ့အကြောင်းကို”ဝါသနာအရပါ.. အားလုံးPeace Stay at home babe” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ထက်အောင်ရှိုင်းကတော့ Rapper သီချင်းကိုကိုယ်တိုင်ရေးပြီး အထာကျကျနဲ့ သီဆိုပြထားမှုကြောင့် ပရိသတ်တွေသာမက အနုပညာေမာင်နှမတွေက ပါ ချီးကျူးစကားဆိုထားပါတယ်။ မြန်မာနိုင်ငံတွင် COVID-19 ရောဂါတွေ့ရှိသူ (၁၆)ယောက်နဲ့ သေဆုံးသူ(၁)ယောက် အထိရောက်ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးရေ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့အားပေးမှုအခိုင်အမာရရှိထားတဲ့ မင်းသားချော ထက်အောင်ရှိုင်းရဲ့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ COVID-19 နဲ့ပတ်သက်ပြီး Rapသီချင်းဆိုထားတဲ့ ဗီဒီယိုဖိုင်လေးကိုပြန်လည်ဝေမျှလိုက်ပါတယ်။

Source: Htet Aung Shine
DarDar-CeleGabar

x