အိမ်ထဲကအိမ်ပြင်မထွက်ရတဲ့ ချစ်သူတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေအတွက် ဝေကြီးရဲ့ သီချင်းအသစ် Official MTV

လတ်တလော Covid-19 ကာကွယ်ရေးအတွက် ပရိသတ်တွေ နဲ့အတူ အနုပညာရှင်တွေက ပါ တတ်စွမ်းသမျှပါဝင်ကူညီနေကြတဲ့ထဲမှာ ဝေကြီးလည်း ပါဝင်လာခဲ့ပြီဖြစ်ပါတယ် ။ Covid-19 နဲ့ပတ်သက်ပြီး မကြာသေးမီကမှ ဝေကြီးက အိမ်ထဲမှာ ဆိုတဲ့သီချင်းအသစ်လေး အမြည်းလေးကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို ဂစ်တာတီးပြီး ဆိုပြခဲ့ပါသေးတယ် ။

သီချင်းလေးက ချစ်စရာကောင်းတဲ့ သီချင်းလေးဖြစ်ပြီး ဂစ်တာလေးနဲ့ပဲ ပေါ့ပေ့ါပါးပါးဆိုထားတဲ့အတွက် ပရိသတ်ကြီးလည်း လိုက်ဆိုလို့ရပါတယ်လို့ ဝေကြီးက သူ့ရဲ့ဖေ့ဘုတ်စ်စာမျက်နှာထက်ကနေ ပရိသတ်တွေကို အသိပေးခဲ့တာပါ ။ အခုလက်ရှိမှာတော့ ပရိသတ်တွေအားလုံး စောင့်မျှော်နေကြတဲ့ ဝေကြီးရဲ့ အိမ်ထဲမှာ ဆိုတဲ့သီချင်းလေးရဲ့ Official MTV လေးထွက်ရှိလာခဲ့ပါပြီ ။ သီချင်းလေးကိုတော့ တေးရေးတေးဆိုဝေကြီးက ဖန်တီးထားတာဖြစ်ပြီး ဝေကြီးနဲ့အတူ M Seng Lu ကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ် ။ ဒါရိုက်တာအနေနဲ့ ကိုရဲဇာနည် ( 7th SenseCreation ) က ပုံဖော်ရိုက်ကူးပေးထားတာဖြစ်တယ်လို့သိရပါတယ် ။

stay home ကာလတွေမှာ အိမ်မှာပဲနေပြီး အကျိုးရှိအောင် စာအုပ်လေးတွေဖတ်ဖို့နဲ့ လူစုတဲ့နေရာတွေလည်း မသွားဘဲ သူငယ်ချင်းတွေနဲ့ ဖုန်းပြောရင်းအိမ်ထဲမှာပဲနေဖို့ သတိပေးထားတဲ့ ချစ်စရာ စာသားလေးတွေလည်းပါဝင်နေတဲ့ ဒီသီချင်းလေးကို ပရိသတ်တွေအကြိုက်တွေ့မယ်လို့ထင်ပါတယ် ။ Cele Gabar ပရိသတ်ကြီးလည်း အိမ်ထဲမှာနေရင်း ဝေကြီးရဲ့ အိမ်ထဲမှာဆိုတဲ့ သီချင်းလေးကို နားဆင်ရင်း ဘဝအမောတွေ ပြေနိုင်ကြပါစေနော် ။

Source : Wai Gyi / V7Entertainment
Emily (Cele Gabar)

x