မိမိတို့နာမည်ကိုအသုံးပြုပြီး အထင်လွဲစရာတွေရေးသားနေတဲ့ ဖေ့ဘွတ်ခ်ပေ့ချ်အကြောင်းကို ပရိသတ်တွေကိုအသိပေးလိုက်တဲ့ ခရစ္စတီနားခီ

ပရိသတ်တွေကခီမောင်နှံဆိုပြီးအချစ်ပိုရတာကတော့ ဇဏ်ခီနဲ့ခရစ္စတီနားခီတို့ ဇနီးမောင်နှံပါ။ သူတို့နှစ်ဦးကတော့ ထူးချွန်ပြောင်မြောက်တဲ့အနုပညာလက်ရာတွေကိုချပြလေ့ရှိတာကြောင့် ပရိသတ်တွေရဲ့အားပေးမှုကိူ အခိုင်အမာရရှိထားတာပါ။ ပရိသတ်တွေကတော့ ခီမောင်နှံရဲ့ဇာတ်ကားအသစ်ထွက်လာတဲ့အခါတိုင်းမှာ ကြောက်ခမန်းလိလိအားပေးကြမ်းကြတာပါ။


ပရိသတ်အချစ်တွေကိုရရှိထားတဲ့အနုပညာရှင်တွေရဲ့ နာမည်ကိုအလွဲသုံးစားလုပ်တတ်သူတွေရှိတတ်ပါတယ်။ ဒီနေ့မှာတော့ ခရစ္စတီနားခီက ပရိသတ်တွေကို မိမိတို့နာမည်အသုံးပြုကာ ဖေ့ဘွတ်ပေ့ချ်ဖွင့်ထားတာရှိတဲ့အကြောင်းကို ပြောပြလာတာပါ။ ခရစ္စတီနားခီကတော့ “ဒီ page ကို ဝိုင်း report ထုပေးဖို့ မေတ္တာရပ်ခံပါရစေနော်..ကျမတို့နံမည် ပုံရိပ်တွေကိုသုံးပြီး ရေးချင်တာရေး တင်ချင်တာ တင်နေတာကြောင့်ပါ.” လို့ အသိပေးရေးသားထားတာပါ။


ပေချ့်တစ်ခုကတော့ ခီမောင်နှံရဲ့နာမည်ကိုအသုံးပြုကာ ပရိသတ်တွေအထင်မှားလောက်စရာအကြောင်းအရာတွေကို ပိုစ့်တင်ကာရေးသားနေတာပါ။ ပရိသတ်တော်တော်များများကတော့ ဝိုင်းဝန်းပြီး Report ထုပေးခဲ့ကြပါတယ်။ ပရိသတ်ကြီးရေ ခီမောင်နှံတို့နာမည်ကိုအသုံးပြုကာ ဖေ့ဘွတ်ခ်ပေ့ချ်ဖွင့်ထားတဲ့သူတွေရှိနေတာကြောင့် ဝိုင်းပြီးတော့ Report ထုပေးလိုက်ကြပါဦးနော်..
Source:ChristinaKyi

x