ချစ်သူကို မွေးနေ့အကြိုလက်ဆောင်ပေးလိုက်တဲ့ ဇေရဲထက်

အနုပညာအလုပ်တွေကိုအားကြိုးမာန်တက်ဆောင်ရွက်လေ့ရှိတဲ့ မင်းသားတစ်ဦးဖြစ်တဲ့အပြင် လူကြီးမိဘတွေကိုလည်း ရိုသေကိုင်းရှိုင်းတတ်တဲ့ မင်သားချော ဇေရဲထက်ကတော့ ချစ်သူကို မွေးနေ့အကြိုလက်ဆောင်ပေးလိုက်တဲ့ အကြောင်းကို “အခုခေတ်မှာ ဘာမှ ပြောလို့မရဘူး ၁၃.၅လပိုင်း ရောက်မယ့်မင်းမွေးနေ့မှာအကြိုစပရိုက်လုပ်ထားမယ်နော် ကိုယ့်ရဲ့အမှတ်တရတွေကို အရေးကြီးမှ သုံးပါနော်

သူ့ကိုစိတ်ချမ်းသာစေချင်တယ် သူ့အတွက်ဒါတွေအရေးမကြီးပေမယ့် ကိုယ့်ချစ်သူကိုလူတိုင်း ကိုယ်တတ်နိုင်တာတွေနဲ့ လုပ်ဆောင်ပေးချင်တာဓမ္မတာပါ ချစ်သူစုံတွဲတိုင်း တန်ဖိုးထားပြီး မေတ္တာစေတနာအဓိကထားပြီး ရေရှည်လက်တွဲနိုင်ကြပါစေ” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ဇေရဲထက်ကတာ့ လတ်တလောမှာ ချစ်ရသူကိုအတိအလင်းကြေညာခြင်းမရှိသေးပေမယ့် ချစ်သူရဲ့အကြောင်းတွေကို တစေ့တစောင်းတင်လေ့ရှိပြီး လက်ရှိကြုံတွေ့နေရတဲ့ COVID-19 ရောဂါကြောင့် ဘာမှသေသေချာချာပြောလို့မရတာကြောင့် မေလ(၁၃)ရက်နေ့မှာကျရောက်တဲ့ မွေးနေ့အတွက် အကြိုလက်ဆောင်အဖြစ် ရွှေဟမ်းချိန်းလေး ပေးလိုက်တာလည်းဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးရေ အနုပညာအလုပ်တွေကိုအားကြိုးမာန်တက်ဆောင်ရွက်လေ့ရှိတဲ့ မင်းသားချော ဇေရဲထက်ကတော့ လာမည့် မေလ(၁၃)ရက်နေ့မှာကျရောက်တဲ့ မွေးနေ့အတွက် အကြိုလက်ဆောင်အဖြစ် ရွှေဟမ်းချိန်းလေး ပေးလိုက်တာနော်။

Source: Zay Ye Htet
DarDar-CeleGabar

x