စည်ပင်သန့်ရှင်းရေးဝန်ထမ်းတွေအတွက် လိုအပ်တဲ့ mask နဲ့ hand sanitizer တွေ လှူဒါန်းခဲ့တဲ့ ပက်ထရစ်ရှာ

သရုပ်ဆောင်၊မော်ဒယ်လ်မလေး ပက်ထရစ်ရှာကိုတော့ ပရိသတ်တွေသိကြမှာပါ။ ကပြားဆန်ဆန်ရုပ်ရည်နဲ့အတူ ဖြူဖြူသွယ်သွယ်အရမ်အမောင်းကို ပိုင်ဆိုင်ထားတဲ့ ထူးခြားတဲ့အလှပိုင်ရှင်လေးပါ။ ပြစ်မျိုးမှ့ဲမထင်အလှပိုင်ရှင်လေးကတော့ အလှသွေးကြွယ်သလို စိတ်ထားကောင်းတဲ့သူလေးလည်း ဖြစ်ပါတယ်။


ဒီနေ့မှာတော့ စည်ပင်သန့်ရှင်းရေးဝန်ထမ်းတွေအတွက် သူတတ်နိုင်သလောက် အယောက်(၁၀၀)စာ အလှူအတန်းပြုလုပ်ခဲ့တာပါ။ အဲ့ဒီအေကြောင်းကိုလည်း “အခုလိုအခြေအနေမျိုးမှာဝမ်းရေးအတွက်အဖြစ်မနေအပြင်ထွက်လုပ်ကိုင်စားသောက်နေရပြီး mask တို့ hand sanitizer တို့ကိုဝယ်ဖို့အခက်အခဲဖြစ်နေတဲ့စည်ပင်သန့်ရှင်းရေးဝန်းတမ်းများ၊ ဆိုက်ကားဆရာကြီးများ နှင့် အခြားသောအလုပ်သမားများအတွက် နှာခေါင်းစီး mask ၊ ရေမလိုလက်သန့်ဆေးရည် hand sanitizer နှင့် ပိုးသတ်ရေချိုးဆပ်ပြာ anti-bacterial soap တို့ကိုအဓိကထားပြီးအခြားသောမုန့်များ ခေါက်ဆွဲ ကော်ဖီမစ်အထုတ်များကို တကယ်လိုအပ်နေတဲ့သူအယောက် ၁၀၀ စာ တစ်ပိုင်တစ်နိုင်လေးလှူဒါန်းခဲ့ပါတယ်” လို့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ပြန်လည်မျှဝေထားတာပါ။


ပက်ထရစ်ရှာကတော့ အခုရက်ပိုင်းအတွင်းမှာ ဆုံးပါးသွားတဲ့ အလုပ်အတူတူလုပ်ကိုင်ဖူးသူတစ်ကိုတစ်ယောက်က ကိုယ့်ကိုကိုယ်သေကြောင်းကြံသွားတာကြောင့် ဝမ်းနည်းနေခဲ့တာပါ။ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှုပျံ့နှံ့နေတာကြောင့် လူတော်တော်များများက အိမ်တွင်းအောင်းနေပေမဲ့ စည်ပင်သန့်ရှင်းရေးဝန်ထမ်းတွေကတော့ မနားနိုင်ကြပါဘူး။ ပက်ထရစ်ရှာကတော့ ဒီဝန်ထမ်းတွေအတွက်တွေးပေးပြီးတော့ အလှူပြုလုပ်ခဲ့တာပါ။ ရှေ့လျှောက်ဒီထက်မကလှူနိုင်ပါစေပက်ထရစ်ရှာရေ….
Source : Patricia(SueShaNaing)

x