(၃) ရက်အတွင်းမှာ (၇) ပေါင်ကျသွားတဲ့အထိ လေ့ကျင့်ခန်းတွေကြိုးစားလုပ်ခဲ့တဲ့ စံရတီမိုးမြင့်

သဲလို့ချစ်စနိုးပြောတတ်တဲ့ မင်းသမီးချောလေး ကတော့စံရတီမိုးမြင့်ပါ။ စံရတီမိုးမြင့်ကတော့ ထူးခြားလှပတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားသလို သွယ်လျလှပတဲ့ကိုယ်လုံးလေးကိုလည်း ပိုင်ဆိုင်ထားတာပါ။ အနည်းငယ်ဝလာတုန်းကလည်း အားကစားလေ့ကျင့်ခန်းတွေသေချာလုပ်ပြီး ကိုယ်အလေးချိန်ကိုလျော့ချခဲ့တာပါ။


အခုရက်ပိုင်းမှာတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှုတွေကြောင့် လူတော်တော်များများက အိမ်မှာနေသလို အလုပ်တွေလည်း ရပ်နားထားတာတွေရှိပါတယ်။ သဲကတော့ အိမ်တွင်းအောင်းတဲ့သူတွေထဲမှာပါဝင်ပြီး အိမ်မှာနေတဲ့ရက်ပိုင်းအတွင်းမှာ အကျိုးရှိအောင်လုပ်နေခဲ့တာပါ။ သူကတော့ You Tube အားကစားလေ့ကျင့်မှုတွေကို လုပ်နေတဲ့အကြောင်းကို သူ့ရဲ့ My Story မှာတင်လေ့ရှိတာပါ။အဲ့ဒီလိုပြုလုပ်ပြီး(၃)ရက်အကြာမှာတော့ ထိရောက်တဲ့အကျိုးသက်ရောက်မှုတွေဖြစ်လာခဲ့ပါပြီ။


စံရတီမိုးမြင့်ကတော့ ဝိတ်ကျသွားတဲ့အကြောင်းကို “သုံးရက်အတွင်း 121LB to 114Lb” လို့ ရေးသားထားတာပါ။ အချိန်ကိုအကျိုးရှိရှိအသုံးချတတ်တဲ့ မင်းသမီးချောလေးကတော့ (၃) ရက်အတွင်းမှာ (၇) ပေါင်ကျသွားတဲ့အထိပါပဲ။ သဲလိုမျိုး အိမ်မှာနေတုန်း ဝိတ်ကျအောင်လေ့ကျင့်ခန်းတွေကြိုးစားမယ်ဆိုတဲ့သူတွေရှိလားနော်..
Source : SanYatiMoeMyint

x