ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ လိုအပ်တာတွေသွားရောက်လှူဒါန်းခဲ့တဲ့ ခါရာနဲ့ ယုန်လေး

အနုပညာလောကမှာ မော်ဒယ်လ်သရုပ်ဆောင်တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေရရှိနေတဲ့ မော်ဒယ်လ်မင်းသားချော ခါရာက ဒီနေ့ဧပြီလ (၇)ရက်နေ့မှာတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ လိုအပ်တာတွေကို သွားရောက်လှူဒါန်းခဲ့ပါတယ်။ သွားရောက်လှူဒါန်းမှုတွေပြုလုပ်နေစဉ် ရန်ကုန်ဆေးရုံကြီးကို ရောက်ချိန်မှာ ခါရာက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ Live လေးလွှင့်ပြီး ပရိသတ်တွေကို အသိပေးခဲ့ပါသေးတယ်။

ခါရာတစ်ယောက် ဒီနေ့ သွားရောက်လှူဒါန်းခဲ့တဲ့ အလှူလေးမှာတော့ ပရိသတ်တွေရဲ့ အချစ်တော် ယုန်လေးကလည်းပါဝင်ပြီး ယုန်လေးနဲ့ခါရာတို့ အတူတူသွားရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ ယုန်လေးကလည်း အမြဲတမ်းလိုလို အကူအညီလိုအပ်နေတဲ့ နေရာတွေမှာ တတ်နိုင်သလောက် လိုက်လံကူညီပေးလေ့ရှိတဲ့ သူတစ်ယောက်ပါ။

အခုလို ခါရာနဲ့ ယုန်လေးတို့ နှစ်ယောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ လိုအပ်နေတာတွေကို သွားရောက်လှူဒါန်းခဲ့တာကို ပရိသတ်တွေက ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုနေကြပြီး နောက်နောင်မှာလည်း ဒီထက်မကပိုမိုလှူဒါန်းနိုင်အောင် ဆုတောင်းပေးနေကြပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ ခါရာနဲ့ ယုန်လေးတို့ရဲ့ အလှူလေးအတွက် သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Chilli – CeleGabar
Source – Khar Ra

x