အပြင်မထွက်ရတော့ စောင်းတူရိယာကိုပိုလေ့ကျင့်ဖြစ်နေတယ်ဆိုတဲ့ မေသက်ထားဆွေ

ငယ်စဉ်ကတည်းအဆိုပိုင်းမှာပါရမီရှိပြီး မြန်မာသံစဉ်တွေနဲ့ ပရိသတ်တွေရဲ့အားပေးမှုကိုသိမ်းပိုက်လာတဲ့ တေးသံရှင် မေသက်ထားဆွေကတော့ COVID-19 ရောဂါအခြေအနေတွေကြောင့် အပြင်မထွက်ရတော့ စောင်းတူရိယာကိုပိုလေ့ကျင့်ဖြစ်နေတဲ့အကြောင်းကို “အပြင်မထွက်ရတော့အိမ်မှာပဲ မပုကျွတ်လေးဘာတွေလုပ်လဲဆိုတော့ -စားတယ် -အိပ်တယ် -စောင်းလေ့ကျင့်တယ် -စာအုပ်တွေဖတ်တယ်

-ဘာသာရေးပိုလုပ်ဖြစ်တယ် – ဟင်းချက်သင်တယ် -လေ့လာစရာတွေ လေ့လာတယ် အဲ့ဒါတွေပါပဲရှင်” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ငယ်စဉ်ကတည်းက အားကောင်းလှတဲ့အသံပါဝါနဲ့ မြန်မာသံစဉ်တွေနဲ့လိုက်ဖက်စွာသီဆိုရင်း ပရိသတ်အခိုင်အမာရရှိလာတဲ့ မေသက်ထားဆွေကတော့ အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်(ရန်ကုန်) မှာ ပထမနှစ်တက်ရောက် ပညာသင်ယူနေတာလည်းဖြစ်ပါတယ်။ သူဟာ စိတ်သဘောထားပြည့်ဝသူဖြစ်ပြီး အရွယ်နဲ့မလိုက်အောင် ရရှိတဲ့အနုပညာကြေးထဲကနေ အလှူအတန်းအမြဲလုပ်လေ့ရှိသူပါ။မေသက်ထားဆွေကတော့ လက်ရှိမှာ COVID-19 ရောဂါပိုးအခြေအနေတွေကြောင့် အပြင်မထွက်ရတာကြောင့် အိမ်မှာနေရင် စောင်းတူရိယာကိုပိုပြီးလေ့ကျင့်ဖြစ်တယ်လို့ သိရပါတယ်။

CeleGabar ပရိသတ်ကြီးရေ မြန်မာသံစဉ်တွေနဲ့ ပရိသတ်တွေရဲ့အားပေးမှုကိုသိမ်းပိုက်လာတဲ့ တေးသံရှင် မေသက်ထားဆွေကတော့ COVID-19 ရောဂါအခြေအနေတွေကြောင့် အပြင်မထွက်ရတော့ အိမ်မှာပဲ စောင်းတူရိယာကိုပိုလေ့ကျင့်ဖြစ်နေပါတယ်တဲ့။

Source: May Thethtar Swe
DarDar-CeleGabar

x