မွေးနေ့မှာ စည်ပင်သန့်ရှင်းရေးဝန်ထမ်းတွေကို သွားရောက်အလှူပြုလုပ်ခဲ့တဲ့ Presenter မလေး ထရီဇာခိုင်

အသားဖြူဖြူပိန်ပိန်သွယ်သွယ်နဲ့ချစ်စရာကောင်းတဲ့ Presenter မလေး ထရီဇာခိုင်ကိုတော့ ပရိသတ်တွေသိကြမှာပါ။ သွက်သွက်လက်လက်နဲ့ပွင့်လင်းဖော်ရွေမှုရှိသလို စတိုင်ကျကျဝတ်ဆင်တတ်လေ့ရှိတာကြောင့် ပရိသတ်တွေက သတိထားမိကြတာပါ။ ထရီဇာကိုတော့ တီဗီအစီအစဉ်တွေမှာတွေ့ဖူးကြသလို ပွဲအခမ်းအနားတွေမှာလည်း မြင်ဖူးကြမှာပါ။

ထရီဇာကတော့ သူ့ရဲ့မွေးနေ့မှာ အလှူလေးပြုလုပ်ဖြစ်ခဲ့တဲ့အကြောင်းကို သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ပြန်လည်မျှဝေထားပါတယ်။ သူကတော့ စည်ပင်သန့်ရှင်းရေးဝန်ထမ်းတွေကို ထမင်းကျွေးခဲ့တဲ့အပြင် ဆန်နဲ့တခြားလိုအပ်တဲ့ပစ္စည်းတွေကို လှူဒါန်းခဲ့တာပါ။ အဲ့ဒီအကြောင်းကိုလည်း လှူဒါန်းနေတဲ့ပုံရိပ်တွေနဲ့အတူ ပရိသတ်ကိုအသိပေးခဲ့တာပါ။ ဒါ့အပြင် အလှူဖြစ်မြောက်အောင်ကူညီခဲ့ကြသူတွေကို ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ်။


ထရီဇာကတော့ “2020 မွေးနေ့အမှတ်တရ ထရီဇာ အခုလိုပါဝင်နိုင်ဖို့အတွက် အစစအရာရာဦးဆောင်စီစဉ်ပေးတဲ့ MCF အဖွဲ့ကိုကျေးဇူးအများကြီးတင်ပါတယ် ။ကိုယ်တတ်နိုင်သလောက်လေး အကျိုးပြုနိုင်တာလည်းကံကောင်းခြင်းတစ်မျိုးပါပဲ။”လို့ ဆိုထားတာပါ။ အခုလိုတတ်နိုင်သလောက်အလှူပြုလုပ်ခဲ့တဲ့ထရီဇာတစ်ယောက် ရှေ့လျှောက်ဘဝမှာ အဆပေါင်းများစွာလှူတန်းနိုင်သည်အထိတိုးတက်ကြီးပွားပါစေ…
Source : TeresaKhine

x