Covid-19 အတွက်ကောက်ခံထားတာလေးတွေနဲ့ ဆေးရုံတွေမှာလိုက်လံလှူဒါန်းခဲ့တဲ့ ယုန်လေး

ဟစ်ဟော့လောကမှာ လူငယ်တွေရဲ့အားပေးမှုအပြည့်အဝရရှိထားတဲ့ တေးသံရှင်ရုပ်လေးဟာ အက်ရှင်ကားတွေကို ရိုက်ကူးနေတဲ့မင်းသားတစ်လက်လည်းဖြစ်ပါတယ် ။ အလှူအတန်းမှာ လက်မနှေးတတ်တဲ့ ယုန်လေးတစ်ယောက်ကတော့ Covid-19 နဲ့ပတ်သက်ပြီး စွမ်းစွမ်းတမံ ကူညီဆောင်ရွက်နေတာ ပရိသတ်တွေအမြင်ပါပဲ ။ ကိုယ်တိုင်လည်း အလှူငွေတွေအများကြီး လှူဒါန်းခဲ့သလို အနုပညာရှင်တွေကိုလည်း လှူဒါန်းကြဖို့တိုက်တွန်းနေတဲ့သူတစ်ဦးပါ ။


ဒီနေ့ ဧပြီလ (၇) ရက်နေ့မှာတော့ ယုန်လေးက သူကိုယ်တိုင် အလှူငွေ ကောက်ခံထားတာလေးတွေနဲ့လိုအပ်နေတဲ့ဆေးရုံတွေကို လိုက်လံလှူဒါန်းခဲ့တယ်လို့သိရှိရပါတယ် ။ ဆေးရုံကြီး ၊ ဆေးရုံသစ်ကြီး ကုတင် ၅၀၀ ၊ Dr မြတ်သန့် STA နယ်တွေအတွက် ဘိုကလေး ဆေးရုံ .၊ PPE ၇ မျိုးပါ အစုံ ၁၅၀ ၊ Mask ၁၅၀၀၀ ၊ လက်အိတ် ၁၀၀၀၀ ၊ အရက်ပြန် ၁လီတာဗူး ၃၀၀ တို့ကို သွားရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ် ။ ဒီကပ်ဘေးကြီးကို အားလုံးစည်းစည်းလုံးလုံးနဲ့ ကျော်ဖြတ်ကြမယ်လို့လည်း ပရိသတ်တွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ တိုက်တွန်းစကားဆိုထားပါသေးတယ် ။

အခုလို ကပ်ဘေး အခြေနေမှာ အနုပညာရှင်တွေအားလုံးကလည်း မိမိတတ်နိုင်တဲ့ဘက်ကနေ ကြိုးစား လုပ်ဆောင်ပေးနေတာ တကယ်ကို ဂုဏ်ယူစရာပါပဲ ပရိသတ်ကြီးရေ ..။ CeleGabar ပရိသတ်ကြီးအတွက် ယုန်လေးရဲ့ မွန်မြတ်တဲ့ အလှူပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Yone Lay
Emily (Cele Gabar)

x