မင်းသမီးသာမလုပ်ဖြစ်ရင် အမျိုးသမီး ဘောလုံးအသင်းထဲဝင်ဖြစ်မှာလို့ ပြောလာတဲ့ ဆောင်းဝတ်ရည်မေ

MRTV-4 ဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်အားပေးမှုအပြည့်ဝရရှိလာသူလေးကတော့ မင်းသမီးချောလေး ဆောင်းဝတ်ရည်မေပါ ။ အခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးလာပြီဖြစ်ပြီး ပရိသတ်တွေ ဝန်းရံမှုအပြည့်အ၀ ရရှိထားတဲ့မင်းသမီးလေးတစ်လက်ဖြစ်နေပါပြီ ။ ချစ်စရာကောင်းတဲ့ သူမရဲ့အပြုမူလေးတွေနဲ့ ဖန်တွေကိုချွဲတတ်ပုံလေးကတော့ သူမရဲ့ ဆွဲဆောင်မှုရှိတဲ့အချက်လို့တောင်ဆိုရမှာပါ ။

ပရိသတ်တွေက သူမကိုချစ်စနိုးနဲ့ တုတုလို့ ခေါ်ကြတာဖြစ်ပြီး တုတုလေးကတော့ ပရိသတ်တွေရဲ့ အသည်းစွဲ အချစ်တော်လေးပါနော် ..။ ဒီတစ်ခါမှာတော့ တုတုတစ်ယောက် ခြေတံရှည်လေးတွေရှိလို့ မင်းသမီးမလုပ်ဖြစ်ခဲ့ရင် အမျိုးသမီးဘောလုံးအသင်းထဲဝင်ဖြစ်မယ်ထင်တယ်…. ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့ ချစ်စဖွယ် ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် သူမကိုလွမ်းနေကြတဲ့ ပရိသတ်တွေအတွက် မျှဝေပေးလာခဲ့တာဖြစ်ပါတယ် ။

ချစ်စဖွယ်မျက်နှာသွယ်သွယ်လေးကို ပိုင်ဆိုင်ထားတဲ့အပြင် မိန်းကလေးတိုင်းမှာ မရှိတဲ့ ခြေတန်လက်တန်ရှည်တာလေးတွေကတော့ သူမရဲ့ ဆွဲဆောင်မှုအရှိဆုံး အပိုင်းတွေလို့တောင်ဆိုရမှာပါ ။ တုတုကို ချစ်တဲ့ Cele Gabar ပရိသတ်ကြီးရေ ယူတို့ရဲ့ တုတုလေးကတော့ မင်းသမီးသာ မဖြစ်လာရင် အမျိုးသမီးဘောလုံးအသင်းမှာ ဘောလုံးသမားဖြစ်နေလောက်ပါပြီတဲ့နော် ။ ပရိသတ်ကြီးရေ ..တုတုဘောလုံးသမားလေး ဖြစ်ရင်ချစ်ကြဦးမှာလား မှတ်ချက်ပေးခဲ့ပါဦး ။

Source : Hsaung Wutt Yee May
Emily (Cele Gabar)

x