ထွန်းထွန်းနဲ့အတူ အတာသင်္ကြန်ပွဲသံချပ်လေးမှာ ပါဝင်ခဲ့တဲ့ ခြူးလေး

MRTV-4 မင်းသမီးလေး ခြူးကတော့ Tik Tok Queen လေးလို့ ပရိသတ်တွေတင်စားထားရတဲ့ Tik Tok တွေနဲ့ပရိသတ်တွေကို ဖမ်းစားခဲ့သူလေး ဖြစ်ပြီး Covid-19 နဲ့ပတ်သက်ပြီးတော့လည်း အနုပညာရှင်တစ်ယောက်အနေနဲ့ တစ်ဖက်တစ်လမ်း ပါဝင်ဆောင်ရွက်နေသူလေးပါ ။ ဒီသင်္ကြန်မှာတော့ တခြားနှစ်တွေနဲ့မတူဘဲ အိမ်မှာပဲ ဘေးကင်းကင်းနဲ့ ဖြတ်သန်းကြဖို့အတွက် အနုပညာရှင်တွေက Tik Tok လေးတွေနဲ့ ဘေးကင်းတဲ့အတာသင်္ကြန်ဖြစ်ဖို့ Challenge လေးတွေနဲ့ ပရိသတ်တွေကို အသိပညာပေးခဲ့တာဖြစ်ပါတယ် ။

ဒီနှစ်သင်္ကြန်တွင်းမှာတော့ လူစုလူဝေးတွေများတဲ့ နေရာတွေကိုတတ်နိုင်သလောက်ရှောင်ရှားရင်း လက်ကိုလည်းမှန်မှန်ဆေးပြီးအိမ်မှာပဲနေထိုင်သင့်ပါတယ်ဆိုတဲ့ မက်ဆေ့ချ်လေးကို ပရိသတ်တွေဆီကို Tik Tok Queen ခြူးလေးနဲ့ ကိုကိုထွန်းထွန်းက ပေးခဲ့တာပါ ။ ဒီလိုစည်းကမ်းချက်တွေကိုလိုက်နာရင်းဘေးကင်းစွာနေထိုင်ပြီး တန်ဖိုးရှိရှိပျော်စရာအချိန်လေးတွေဖန်တီးနိုင်ဖို့အတွက် တယ်လီနောရဲ့ သံချပ်သီချင်းလေးနဲ့TikTok ကိုပါဝင်ကစားရင်း ဒီကျန်းမာရေးအသိလေးတွေကိုလည်း မိသားစုဝင်တွေ သူငယ်ချင်းတွေ နဲ့ ပရိသတ်တွေကို ခြူးလေးတို့ အနုပညာမောင်နှမ နှစ်ယောက်က မျှဝေပေးခဲ့တာပါ ။

ခြူးလေးကတော့ ကိုကြီးထွန်းထွန်းနဲ့ဘေးကင်းဆင်နွှဲအတာသင်္ကြန်ပွဲသံချပ် TikTok Challenge ကို တူတူပါဝင် ကစားလိုက်ပါပြီနော်… ဆိုတဲ့စာသားလေးနဲ့အတူ ချစ်စဖွယ် အတာသင်္ကြန် tik tok သံချပ်လေးကို ပရိသတ်တွေအတွက် လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ခြူးလေးက မျှဝေပေးလာခဲ့တာဖြစ်ပါတယ် ။ ခြူးလေးချစ်တဲ့ပရိသတ်ကြီးလည်းပျော်စရာလည်းကောင်း၊ သိသင့်တဲ့ကျန်းမာရေးအသိတွေလည်းပါတဲ့ ဒီTikTok လေးကိုဝင်ကစားပြီးသင်္ကြန်ကိုဘေးကင်းကင်းနဲ့ဖြတ်သန်းလိုက်ရအောင်နော် ။

Source : Chue Lay
Emily (Cele Gabar)

x